ပါတီဗဟိုအလုပ်အမှုဆောင် လူငယ်စွမ်းရည်မြှင့်သင်တန်းပို့ချ

 

ရန်ကုန် ဇွန် ၂ဝ

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင် ယခုလ ၁၈ ရက်မှ ယနေ့အထိဖွင့်လှစ်လျက်ရှိသည့် လူငယ်စွမ်းရည်မြှင့်သင်တန်းတွင် ပါတီဝင်လူငယ်များ အသိပညာနှင့်စည်းရုံးရေးစွမ်းရည်မြင့်မားစေရန်အတွက် ပါတီဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ပြင်ပအတတ်ပညာရှင်များက သင်ခန်းစာများပို့ချလျက်ရှိရာ ယနေ့မွန်းလွဲ ၂ နာရီခွဲက ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေသင်ခန်းစာများပို့ချပေးခဲ့ကြောင်းသိရသည်။

Union daily