ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည့် ဗဟိုအတွင်းရေးမှူးခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ကို လမ်းညွှန်မှာကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည့် ဗဟိုအတွင်းရေးမှူးခေါင်းဆောင်သော ကိုယ်စားလှယ်  အဖွဲ့ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်(ရန်ကုန်)တွင်တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။အဆိုပါ ချစ်ကြည်ရေးခရီးကို ပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်း ထွန်းခေါင်းဆောင်၍ ပြည်နယ်နှင့် တိုင်း ဒေသကြီးအသီးသီးမှ ပါတီ ဝင် စုစုပေါင်း ၂၁ ဦးလိုက်ပါမည် ဖြစ်သည်။

ယင်းချစ်ကြည်ရေးအဖွဲ့သည် ယခုလ ၁၈ ရက်မှစတင်၍ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှကူမင်း မြို့၊ ဝူဟန်မြို့၊ ဒါလျန်းမြို့နှင့် ပေကျင်းမြို့များသို့ လေကြောင်း ခရီးဖြင့်သွားရောက်မည်   ဖြစ်သည်။

အဆိုပါအဖွဲ့သည် တရုတ် နိုင်ငံတွင် ၁ဝ ရက်ကြာ လေ့လာ ရေးခရီးသွားခဲ့ပြီး ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ယခုလ ၂၇ ရက်တွင် ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။
နေထက်ဝေ