တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှစ်နှစ်မြောက်နှစ်ပတ်လည်နေ့အလှူတော်ကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ဦးဆောင်၍ ယနေ့ နံနက် ၁ဝ နာရီခွဲက ဥက္ကံမြို့ ဘိုးဘွားရိပ်သာသို့သွားရောက်ကာ ရှစ်နှစ်မြောက် ပြည်ခိုင်ဖြိုးပါတီနှစ် ပတ်လည် အလှူတော်အခမ်းအနား အဖြစ်ဘိုးဘွားများအားနေ့လယ်စာ ကျွေးမွေးလှူဒါန်းပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ ရိပ်သာရှိဘိုးဘွား များနှင့် ပြည်ခိုင်ဖြိုးပါတီမိသားစု များက သြကာသကန်တော့ချိုးဖြင့် ဘုရားရှိခိုးကန်တော့ကာ သံဃာ တော်အရှင်သူမြတ်များထံမှ ငါးပါး သီလကို ခံယူဆောက်တည်ကြပြီး အနုမောဒနာတရားများ နာကြားခဲ့ သည်။

ယင်းနောက်ကြွရောက်တော်မူ လာကြသော သံဃာတော်အရှင်သူ မြတ်တို့အား လှူဖွယ်ဝတ္ထုအစုစု ဆက်ကပ်လှူဒါန်းကာ ကောင်းမှု ကုသိုလ်များအား ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့သည်။

ထို့နောက် သံဃာတော် အရှင် သူမြတ်များကို နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခြင်း၊ ရိပ်သာနေဘိုးဘွား တို့အား နေ့လယ်စာကျွေးမွေး လှူ ဒါန်းခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ သည်။

ယင်းအလှူတော်မင်္ဂလာ အခမ်းအနားသို့ တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီ နာယက (ပထမအကြိမ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်) ဦးဟန် စိန်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ ပါတီအတွင်းရေး မှူးဦးကျော်လင်းဇော်၊ ဘဏ္ဍာရေး မှူးဦးကြည်ဝင်း၊ မြို့နယ်ကော်မတီ ဝင်များ၊ အရန်ကော်မတီဝင်များ၊ လူငယ်ခေါင်းဆောင်များ၊ အမျိုး သမီးလူငယ်များ၊ ပါတီဝင်များနှင့် အခြားဖိတ်ကြားထားသူများ တက် ရောက်ခဲ့ကြသည်။
ယင်းကဲ့သို့လှူဒါန်းခြင်းအခမ်း အနားကို ပြည်ခိုင်ဖြိုးအသင်းကြီး စတင်ဖွဲ့စည်းခဲ့သည့်အချိန်မှ စတင် ကာ ၂ဝ၁ဝ ပြည်ခိုင်ဖြိုးပါတီ (၈-၆-၂ဝ၁ဝ)မှ ယနေ့ကျင်းပသည့် နေ့အထိ ရှစ်နှစ်မြောက်ဖြစ်ပြီး ရာသက်ပန်အထိမ်းအမှတ် အလှူ တော်အဖြစ် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

တင်မောင်ဇော်(တိုက်ကြီး)