ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ် အမျိုးသမီးရေးရာတာဝန်ခံများတွေ့ဆုံ

 

ရန်ကုန် ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာတာဝန်ခံများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီက တိုင်းပါတီကော်မတီအစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ဗဟိုကော်မတီဝင် တိုင်းဒေသ ကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံများ တက်ရောက်ကြသည်။

အစီအစဉ်အရတိုင်းဒေသ ကြီးပါတီ ဥက္ကဋ္ဌပါတီဗဟို အလုပ်အမှုဆောင်ဦးခင်မောင်စိုး က အမှာစကားပြောကြားပြီး တိုင်းပါတီအမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်စန်းစန်းဝင်း၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီး ရေးရာတာဝန်ခံများက လုပ် ငန်းဆောင်ရွက်ထားရှိမှုများကို တင်ပြကြပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြောင်းသိရသည်။

ထိန်ဝင်း(YGN)