မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲကျင်းပပြုလုပ်

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှကြီးမှုးကျင်းပသော လုငယ်ညီလာခံအကြိုလူငယ်တွေ့ဆုံ (ဒုတိယ) နေ့ ပိတ်ပွဲအခမ်းအနားအား ယမန်နေ့နံနက် ၉နာရီတွင်စတင်ကျင်းပပါသည်။
အခမ်းအနားအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှုး ဦးသာဝင်း၊ တိုင်းလူငယ်တာဝန်ခံ ဒေါ်မိုးမိုးအိ၊ အရှေ့ပိုင်ခရိုင်ပါတီဥက္ကဌ ဦးစိန်မြင့်၊ ခရိုင်လူငယ်တာဝန်ခံ ဒေါ်ယဉ်ချောလှိုင်၊ ခရိုင်ကော်မတီဝင် ဦးမျိုးဝင်းကျော်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်မြင့်၊ အတွင်းရေးမှုး ဦးဝင်းကြိုင်၊ ဘဏ္ဍာရေးမှုး ဦးသန်းထိုက်နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်လူငယ်ပါတီကော်မတီဝင် ၁၄၂ ဦး ဝန်းရံအင်အား ၃၅ ဦး စုစုပေါင်းအင်အား ၁၇၇ ဦး တက်ရောက်ကြပါသည်။ အခမ်းအနားအား နိုင်ငံတော်သီချင်းနှင့် သီဆိုဖွင်လစ်ပြီး အခမ်းအနား အစီစဉ်အရ တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးမှ အဖွင့်အမှာစကားပြောကြားပြီး ရွေးချယ်ခံလူငယ်ကိုယ်စားလှယ် ဒေါ်ခင်ငြိမ်းဝေမှ လူငယ်နှင့်နိုင်ငံရေးစာတမ်းကိုလည်းကောင်း၊ ဦးဘိုဘိုဝင်းလူငယ်ကိုယ်စားလှယ်မှ လူငယ်နှင့်စည်းရုံးရေးစာတမ်းကို လည်းကောင်း အသီးသီးဖတ်ကြားပြီး မြို့နယ်လူငယ်တာဝန်ခံ ဦးအေးမင်းဇော်မှ အစုအဖွဲ့ (၇) ဖွဲ့မှ အရွေးချယ်ခံလူငယ်ကိုယ်စားလှယ်(၇) ဦးအား အတည်ပြုချက်ရယူပြီး တက်ရောက်လာသော လူငယ်ကိုယ်စားလှယ်များမှ သဘောတူကြောင်း ထောက်ခံကြပါသည။် မာင်မယ်များရှေ့ဆောင်ရွက်ရမည့် ပါတီလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး တိုင်း ပါတီဥက္ကဌ ဦးခင်မောင်စိုးမှ နိဂုံးချုပ်အနေဖြင့် ပါတီ၏ရည်ရွယ်ချက် မူဝါဒ လုပ်ငန်းစဉ်များ ပါတီဝင်လူငယ်မောင်မယ်များ ပိုမိုပါဝင်လာနိုင်ရေး ဆွေးနွေးမှာကြားပြီး အခမ်းအနားအား ပြည်ခိုင်ဖြိုးလူငယ်သီချင်းဖြင့် သံပြိုင်သီဆို၍ အောင်မြင်စွာရုတ်သိမ်းပါသည်။

အေးမင်းဇော်(မြောက်ဥက္ကလာ)