သင်္ဃန်းကျွန်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လိုအပ်ချက်ဖြည့်ဆည်းဆောင်ရွက်ပေး

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင်သင်္ဃန်းကျွန်းမြို့နယ်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးအောင်မြတ်ဇော်နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် သင်္ဃန်းကျွန်းမြို့နယ် အောင်ဆုပန် ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်ဌေးနှင့် ရပ်ကွက်နေ အများပြည်သူတို့၏ တောင်းဆိုမှု အရ ယမန်နေ့ ညနေ ၅ နာရီ မှ ၆ နာရီခွဲအထိ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်းရေးအတွက် ခြင်ဆေးပက်ဖျန်းပေးခဲ့သည်။

သင်္ဃန်းကျွန်းပြည်ခိုင်ဖြိုးပါတီ သည် မြို့နယ်အတွင်း ရပ်ကွက် များသို့ စဉ်ဆက်မပြတ်ကွင်းဆင်း ၍ရပ်ကွက်ပါတီဝင်များမှရပ်ကွက် နေအများပြည်သူတို့၏ လိုအပ်ချက် များကို တတ်စွမ်းသမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၂၂ ရက်က အဆိုပါ အောင်ဆုပန် ရပ် ကွက်သို့နယ်မြေကွင်းဆင်း၍ ပါတီ ဝင်များနှင့်တွေ့ဆုံခဲ့စဉ် ရပ်ကွက် ပြည်သူများ၏ တင်ပြတောင်းဆိုမှု အရ အများပြည်သူ ခြင်အန္တရာယ် ကင်းဝေးစေရေး၊သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးအထောက် အကူဖြစ်စေရန်အတွက် ယခုကဲ့သို့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိ ရသည်။

ကြည်သိန်း(သင်္ဃန်းကျွန်း)