ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာသွားနှင့်ခံတွင်း (အခမဲ့) ကွင်းဆင်းကုသ

 

ရန်ကုန် ဧပြီ ၎

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဖြိုးစေတနာသွားနှင့်ခံတွင်း ကွင်းဆင်းကုသရေးအဖွဲ့မှ ယမန်နေ့နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ (၄၆) ရပ်ကွက် သန္တိသုခဓမ္မာရုံတွင် ရပ်ကွက်အတွင်း ခံတွင်းနှင့်သွားဝေဒနာရှင် ၃ဝ အား အခမဲ့ သွားနှင့်ခံတွင်း ကွင်းဆင်းကုသမှု ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကွင်းဆင်းကုသရေးအဖွဲ့သည် မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ တစ်လလျှင် နှစ်ကြိမ် ကွင်းဆင်းကုသမှု ဆောင်ရွက်ပေးခဲ့ရာ ရပ်ကွက်ပေါင်း ငါးရပ်ကွက်မှ ဝေဒနာရှင် ၂ဝ၇ ဦးကို ကုသမှုဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။

ကွင်းဆင်းကုသရာသို့ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဇော်၊ အတွင်းရေးမှူး ဦးသန်းစိုး၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးကျော်ထင်၊ ဦးမင်းဇော်ဦး၊ ဦးမြင့်ဦး၊ ဒေါ်တင်တင်အေးနှင့် ဒေါက်တာ ဇော်လင်းပြုံး၊ သွားအထူးကု ဒေါက်တာခိုင်ဇင်အောင်၊ ရပ်ကွက်ပါတီကော်မတီဥက္ကဋ္ဌ ဦးအောင်လင်းနှင့် ပါတီကော်မတီဝင်များမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

တင်ဆန်းအောင်