အလက(ခွဲ)ရေလယ်ကျွန်းသို့ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးမိသားစုမှ ကျောက်ပြားများလှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုနာယက ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေး ဦးနှင့်ဇနီးဒေါ်နီနီဝင်း မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက မိသား စုမှ ဟင်္သာတမြို့နယ် ပဲကြီး ကျွန်းအုပ်စု ရေလယ်ကျွန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)ကျောင်းဆောင်သစ်အတွက် ကျောက်ပြား ၈၅ ချပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

အလှူရှင်ကိုယ်စား ဟင်္သာတ ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူးဦးချစ်ဝင်း၊ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်ဦး၊ အတွင်းရေးမှူးဦးခင်ဦးနှင့် မြို့နယ် ကော်မတီဝင်များ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် အဆိုပါကျောင်း၌ ကျောင်းဆောက် လုပ်ရေးကော်မ
တီအဖွဲ့မှ တာဝန်ရှိ သူများထံသွားရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။

ဌေးဝင်း(ဟင်္သာတ)