ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ကျင်းပ

 

တန့်ယန်း သြဂုတ် ၅

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် လုံးပုံးကျေးရွာအုပ်စု၊ လုံးပုံးရွာ ဘုန်းတော်ကြီးကျောင်း၌ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန်၊ မြို့နယ်ပါတီဥက္ကဌ ဦးမြင့်စိုး၊ အတွင်းရေးမှူး ဦးကျော်လှိုင်၊ အမျိုး သမီးရေးရာ တာဝန်ခံ ဒေါ်နန်းခမ်းခေါင်နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် တန့်ယန်းမြို့နယ် လုံးပုံးကျေးရွာ ခွဲမှ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး၊ မူးယစ်ဆေးဝါး ကာကွယ် တာဆီးရေးလုပ်ငန်း၊ ကလေးသူငယ်ဆိုင်ရာ ဥပဒေပြဌာန်းခဲ့မှုများအပေါ် ဆွေးနွေးညှိနှိုင်းသည့် ရေနွေးကြမ်း စကားဝိုင်း ပြုလုပ်ဆွေးနွေးပြီးနောက် လုံးပုံးကျေးရွာ ဘုန်းတော်ကြီးကျောင်း မီးလောင်ဆုံးရှုံးမှုအတွက် တန့်ယန်း မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ နှစ်သိန်းကျပ်တိတိ ( ၂၀၀၀၀ဝိ/- ) အား လှူဒါန်းခဲ့ကြပါသည်။