ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်သမားရေးရာ လစဉ်ပုံမှန်အစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလုပ်သမားရေးရာ လစဉ်ပုံမှန်အစည်းအဝေး အား ယနေ့နေ့လည် ၁ နာရီအချိန်က တိုင်းပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့ကြသည်။

ရှေ့ဦးစွာ အလုပ်သမားရေးရာတာဝန်ခံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းမှ လုပ်ငန်းလမ်းညွှန် အမှားစကား ပြောကြားခဲ့သည်။ဆက်လက်၍ ခရိုင်လေးခရိုင်မှ ရေးရာတာဝန်ခံများက မိမိတို့ခရိုင်အလိုက် ကွင်းဆင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တင်ပြခဲ့ကြသည်

ထို့နောက် တက်ရောက်လာသော အလုပ်သမားရေးရာ မြို့နယ်ခေါင်းဆောင်များမှ မိမိတို့မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်မှုအခြေအနေများအား အသီးသီး တင်ပြခဲ့ကြသည်။

ထို့နောက် အလုပ်သမားရေးရာတာဝန်ခံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက နိဂုံးချုပ် အမှာစကားပြောကြားပြီး နေ့လည် ၂ နာရီခွဲအချိန်၌ အစည်းအဝေး ပြီးဆုံးခဲ့ကြောင်း သိရသည်။

၎င်းအစည်းအဝေးသို့ အလုပ်သမားရေးရာတာဝန်ခံ တိုင်းကော်မတီဝင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်း၊ အလုပ်သမားရေးရာ ခရိုင်တာဝန်ခံများနှင့် မြို့နယ်တာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Win Myint Oo