အလုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နှစ်ဦးဆွမ်းအလှူပွဲကျင်းပ

 

ရန်ကုန် ဧပြီ ၈

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှကြီးမှူး၍ မြန်မာနှစ်ဦးအလှူတော်နှင့် ကွယ်လွန်သူများအားရည်စူး၍ နေ့ဆွမ်းနှင့် ဒါတဗ္ဗဝတ္ထုအစုစုလှူဒါန်းပွဲကို ယနေ့နံနက် ၁ဝနာရီခွဲက ကျင်းပရာ ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးကျော် သူရနှင့် မြို့နယ်ကော်မတီဝင်များတက်ရောက်ကြသည်။

အစီအစဉ်အရ သံဃာတော် အရှင်သူမြတ်ငါးပါးတို့အားနေ့ဆွမ်း နှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို လှူဒါန်းပြီး ရေစက်သွန်းချတရားတော် များနာကြားသည်။ ထို့နောက်ဖိတ်ကြားထားသည့် ဧည့်သည်တော် များအား ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ဘုန်းကျော်(အလုံ)