မြို့နယ်အတွင်းရှိ ဆရာတော်ကြီးများအား ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ မြို့နယ်အတွင်း သာသနာ့ တာဝန်ထမ်းဆောင်လျက်ရှိသော ဗဟိုဝန်ဆောင်၊ တိုင်းဝန်ဆောင်၊ မြို့နယ် သြဝါဒါစရိယ၊ မြို့နယ်သံဃမဟာနာယက သုဓမ္မာ/ ရွေှ့ကျင်၊ မြို့နယ်ဝိနည်းဓိုရ်နှင့် ရပ်ကွက်ဥက္ကဋ္ဌဆရာတော်များအား ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ဧပြီ ၇ရက်မွန်းလွဲ ၁နာရီ တွင် ၈လမ်း ပုသိမ်ညွန့်ရပ်ကွက် ဓမ္မဇေယျာစာသင်တိုက်မုခ်ဦး ဓမ္မာရုံ၌ ကျင်းပခဲ့ပြီး ဆွမ်းဆန်စိမ်းအလှူ ခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)