နိုင်ငံရေး စီမံ(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၂) ဖွင့်

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေး စီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီ ရုံးတွင်ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဗဟိုကော်မတီဝင် တောင်ပိုင်းခရိုင်ပါတီ ဥက္ကဋ္ဌဦးလွင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။

အခမ်းအနားသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဗဟိုကော် မတီဝင်ဦးလွင်ဦး၊ အတွင်းရေးမှူးဦးအောင်ကျော် မင်းနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များ၊ သင်တန်းသားသင်တန်းသူ စုစုပေါင်း ၄၅ ဦး တက်ရောက်ကြပြီး သင်တန်း အား သုံးရက်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်း သိရ သည်။

ထိန်ဝင်း(YGN)