ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် လမ်းရှစ်လမ်းကွန်ကရစ်ခင်းကျင်းရန် ငွေလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင် သာယာမြို့နယ် အမှတ်(၁၁)ရပ်ကွက် အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ လမ်းပေါင်း ရှစ်လမ်းကို ကွန်ကရစ်ထပ်ပိုးလွှာ ခင်းကျင်းနိုင်ရန် အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှ အလှူငွေကျပ်သိန်း၂ဝ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဇမ္ဗူရောင်ပန်းဘုန်းတော် ကြီးကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါလှူဒါန်းပွဲအခမ်းအနား သို့အောင်မင်္ဂလာကျောင်းဝင်းလမ်း ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဇမ္ဗူရောင်ပန်းကျောင်းထိုင်ဆရာ တော်အရှင်ယဿိန္ဒ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာန ချုပ်ကိုယ်စား ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ရန်ကုန်တိုင်း ဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီကော်မတီဝင် ဦးခင်မောင်တင့်၊ မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးမျိုးဇော်နှင့်ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးဇေယျာအောင် နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ် ကွက်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင် များ၊ပြည်ခိုင်ဖြိုးအမျိုးသမီးရေးရာ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း ဝင်းအတွင်းရှိလမ်းများကိုကွန်ကရစ် ထပ်ပိုးလွှာခင်းကျင်းပေးနိုင်ရန် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှလှူဒါန်း သော အလှူငွေကျပ်သိန်း၂ဝအား ဗဟိုအတွင်းရေးမှူးဒေါက်တာစန်း စန်းနွယ်နှင့်အဖွဲ့ကလမ်းဖြစ်မြောက် ရေးကော်မတီဥက္ကဋ္ဌဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့ နောက် ဒေါက်တာစန်းစန်းနွယ်က မြို့နယ်ပါတီရုံးတွင် မြို့နယ်နှင့် ရပ်/ကျေးအမျိုးသမီးထုနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး လှိုင်သာယာမြို့နယ် မြို့နယ်ပါတီရုံးတွင်ဖွင့်လှစ်ထား သောနိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်း(၂/၂ဝ၁၈)၌ သင်ခန်းစာ ဆက်လက်ပို့ချခဲ့ကြောင်း သိရ သည်။

မြင့်သိန်း(လှိုင်သာယာ)