ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးမြို့ပေါ် လေးမြို့နယ် ရပ်ကွက်ပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ တက်ရောက်အားပေး

 

မန္တလေး ဇူလိုင် ၂၄

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးဝဏ္ဏမောင်လွင်သည် ယနေ့မွန်းလွဲ ၁ နာရီက တိုင်း ဒေသကြီး ပါတီရုံးခန်းမ၌ ကျင်းပ သော မန္တလေးမြို့ပေါ်လေး မြို့နယ် ရပ်ကွက်ပါတီဥက္ကဋ္ဌများ တာဝန် ပေးအပ်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး ချီးမြှင့်ခဲ့ သည်။
အဆိုပါအခမ်းအနားအား နိုင်ငံ တော်အလံကိုအလေးပြု၍ နိုင်ငံ တော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ် ခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီးတာဝန်ခံဦးဝဏ္ဏမောင်လွင် က အဖွင့်အမှာစကားပြောကြားခဲ့ ပြီးနောက်

ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ပုသိမ်ကြီးမြို့နယ် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

ယဉ်ကျေးလိမ္မာဓမ္မစကူးလ် သင်တန်းသို့ အလှူငွေများလှူဒါန်း

 

မိတ္ထီလာ ဇူလိုင် ၁၆

မိတ္ထီလာမြို့နယ် ကန်သာ အုပ်စု ထနောင်းကန်ကျေးရွာရှိ ဘုရားကြီး ဓမ္မစကူးလ်ယဉ်ကျေး လိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား လျက်ရှိရာကျောင်းသားကျောင်းသူ ၃၇ဝ တက်ရောက်သင်ကြားလျက် ရှိကြောင်း သိရသည်။
အဆိုပါ ယဉ်ကျေးလိမ္မာသင် တန်းသို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ မိတ္ထီလာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးစိုးအောင်၊ မန္တလေးတိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူးဦးအောင်ကျော်မိုး၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်နှင့် မိတ္ထီလာ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်မြို့နယ်ကော်မတီ ဝင်များ တက်ရောက်ကြသည်။

ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးလက်ဒေသ ပြည်သူလူထုများနှင့် တွေ့ဆုံဆွေးနွေး

ညောင်ဦး၊ ဇူလိုင် ၁၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ညောင်ဦးမြို့နယ် ညောင်ကြီး ကျေးရွာ ယမ်းစမ်းကျေးရွာအုပ်စုနှင့် ရွာသာအေးကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီ ၆ဝ ခန့် တက်ရောက်ပြီး ရပ်ကွက်/ကျေးရွာပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏နေအိမ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ၌ ပါတီအောင်နိုင်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များအား ပါတီဝင်လူထုများနှင့် တွေ့ ဆုံ၍ နိုင်ငံရေးစကားဝိုင်းများ ကျင်းပခဲ့သည်။

မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်အခမ်းအနား ပြုလုပ်

၁၅.၇.၂၀၁၈ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာ အရှေ့ရပ်ကွက် ဦးလှထွန်းတင် နေအိမ်တွင် ပြည်ထောင်စုကြံ့ခိုင်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရပ်ကွက်ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မန္တလေးခရိုင် နယ်မြေတာဝန်ခံ တိုင်းကော်မတီ ဦးမျိုးမြင့်၊ တိုင်းကော်မတီဦးကျော်စန်း၊ ခရိုင်ကော်မတီများ၊ အောင်မြေသာစံမြို့နယ် ယာယီဥက္ကဌ ဦးဆွေချစ်စိုး (ဘဏ္ဍာရေးမှူး) နှင့် မြို့နယ်ကော်မတီများ၊ ရပ်ကွက်ပါတီဥက္ကဌများနှင့် ကော်မတီဝင်များ တက်ရောက်၍ ရပ်ကွက်ဆိုင်းဘုတ်တင်အခမ်းအနား ကျင်းပခဲ့ပါသည်။

နိုင်​ငံခြား​ရေးဝန်​ကြီး {ငြိမ်း} ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​ ဦးဝဏ္ဏ​မောင်​လွင်​၏ အမရပူရမြို့နယ်​ ပါတီဝင်​အဆိုပြုလွှာ စု​ပေါင်း​ပေးအပ်​ပွဲ​ပြောကြားချက်​မှ ​ကောက်​နှုတ်​ချက်

– ကြားဖြတ်​​ရွေး​ကောက်​ပွဲမှာ ​ဒေသခံပြည်​သူများ၏ လိုအပ်​ချက်​ကို တင်​ပြဖြည့်​ဆည်း​ပေးနိုင်​​ရေးတွက်​ ပြည်​ခိုင်​ဖြိုးပါတီမှ ဝင်​​ရောက်​ ယှဉ်​ပြိုင်​သွားမည်​။

– ​ရွေး​ကောက်​ပွဲ​ကော်​မရှင်​၏ မှန်​ကန်​စွာ ​ဆောင်​ရွက်​နိုင်​မှု /မနိုင်​မှု၊ သမာသမတ်​ကျမှု/မကျမှု​တွေကိုလည်း ​ရွေး​ကောက်​ပွဲ ဝင်​​ရောက်​ယှဉ်​ပြိုင်​ရင်း ​လေ့လာဆန်းစစ်​သွားမည်​။

– ဒီမိုက​ရေစီဆိုတာ နိုင်​တဲ့သူက အနိုင်​စီးစတမ်းဆိုတဲ့ ကျင့်​စဉ်​ မဟုတ်​ပါ။ အနည်းစုဆန္ဒကို အ​လေးမထားရင်​ ဒီမိုက​ရေစီကို အနိုင်​ကျင့်ရာ ​ရောက်​မည်​။

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးဥက္ကဌများနှင့်မြို့နယ်ပါတီကော်မတီဝင်များ လစဉ်ပုံမှန်အစည်းအဝေးနှင့် အလံသစ်တင်အခမ်းအနား

 

ယနေ့ (13.7.2018) နေ့တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် (9:00) နာရီအချိန်တွင် ရပ်/ကျေးပြည်ခိုင်ဖြိုးပါတီဥက္ကဌများနှင့် ငါန်းဇွန်မြို့နယ် မြို့နယ်ပါတီကော်မတီများ လစဉ်ပုံမှန်အစည်းဝေးနှင့် အလံသစ်တင်အခမ်းအနားကို မြင်းခြံခရိုင်ပါတီဥက္ကဌ ဦးကျော်တင်၊ ငါန်းဇွန်မြို့နယ်ပါတီဥက္ကဌ ဦးကိုကိုနှင့် မြို့နယ်အတွင်းရေးမှူး ဦးစိုးနိုင်တို့မှ အမှာစကားပြောကြားပြီး ပြည်ခိုင်ဖြိုးပါတီအလံသစ်ကို နံနက် ((9:30) တွင် အောင်မြင်စွာလွှင့်ထူနိုင်ခဲ့ပြီး အစည်းအဝေး ဆက်လက်ကျင်းပခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးနှင့်အလံသစ်တင်အခမ်းအနား

 

ယနေ့ (12.7.2018) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်တွင် နံနက် (10:30) နာရီတွင် ကျင်းပပြုလုပ်သော လစဉ်ပုံမှန်အစည်းဝေးနှင့်အလံသစ် တင်အခမ်းနားကို မန္တလေးဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင် မြင်းခြံခရိုင်နယ်မြေတာဝန်ခံ ဦးမြတ်သူ၊ မြင်းခြံခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကျော်တင်၊ နွားထိုးကြီးမြို့နယ် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကြည်ဖေနှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဌများနှင့် ပါတီကော်မတီဝင် (၇၀) ဦး တက်ရောက်ခဲ့ပြီး မန္တလေးတိုင်းပါတီကော်မတီဝင် မြင်းခြံခရိုင်နယ်မြေတာဝန်ခံ ဦးမြတ်သူမှ အဖွင့်အမှာစကားပြောကြားပြီး အလံသစ်ကို နေ့လည် (12:00) နာရီအချိန်တွင်အောင်မြင်စွာ လွှင့်ထူနိုင်ခဲ့ပါသည်။

ပါတီအလံသစ်တင်ခြင်းအခမ်းအနား မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီကျင်းပ

 

မြစ်သားမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး မျက်နှာစာရှေ့တွင် ယနေ့ နံနက် ၁ဝ နာရီ ၄၅ မိနစ်က ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံနှင့် ပြည်ခိုင်ဖြိုးပါတီအလံ သစ်ကို လွှင့်တင်ခြင်းအခမ်းအနား ကျင်းပသည်။

စဥ့်ကိုင်ပြည်ခိုင်ဖြိုး ရပ်ကျေးပုံမှန်အစည်းအ​ဝေးနှင့် တက္ကသိုလ်ဝင်တန်းအောင်နှင့်ထူးချွန်ကျောင်းသား/သူများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

 

စဥ့်ကိုင်မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ရပ်​/​ကျေးပုံမှန်​အစည်းအ​ဝေးနှင့် တက္ကသိုလ်​ဝင်​တန်းကို အောင်မြင်သူ ထူးချွန်​စွာ​အောင်​မြင်​ခဲ့​သော ရပ်​/​ကျေး​ကော်​မတီအဖွဲ့များ၏ မိသားစုဝင်​များအားဂုဏ်​ပြုပွဲကို (၁၀.၇.၂၀၁၈) ရက်​​နေ့ နံနက်​(၀၉း၃၀) အချိန်​တွင်​ စဥ့်ကိုင်မြို့နယ်​ပါတီရုံး၌ ကျင်းပပြုလုပ်​ရာ ၊ တိုင်းပါတီကော်မတီဝင် ဒ်ါသိဂီ င်္အောင်၊ ခရိုင်ကော်မတီဝင် ​ဒေါ်​ခင်နွယ်မြင်​နှင့် မြို့ နယ်ပါတီဥက္ကဌ ဦးကြည်​ပြုံးနှင့် ကော်​မတီဝင်​များ၊ ရပ်​/​ကျေးပါတီများမှ ဥက္ကဌနှင့်​အဖွဲ့များ တက်​​ရောက်​ခဲ့ကြပြီး တိုင်းပါတီကော်မတီဝင်ေ ဒ်ါသိဂီ င်္အောင်မှ အဖွင့်အမှာစကား​ပြောကြားခဲ့ပါသည်​။
ထို့​နောက်​ တက္ကသိုလ်​ဝင်​စာ​မေးပွဲအား (၄) ဘာသာဂုဏ်​ထူးရှင်​(၁) ဦး၊ (၁) ဘာသာဂုဏ်​ထူးရှင်​(၁) ဦး ရိုးရိုး​အောင်​ (၅) ဦးအား ဂုဏ်​ပြုမှတ်​တမ်းလွှာနှင့် အတူ ဂုဏ်ပြုဆု​ငွေများအား ​ပေးအပ်​ချီးမြှင့်​ခဲ့ပါသည်​။ ထို့​နောက်​ အစည်းအ​ဝေးအား ဆက်​လက်​ကျင်းပပြုလုပ်​ခဲ့ပါသည်​။