မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်အခမ်းအနား ပြုလုပ်

၁၅.၇.၂၀၁၈ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာ အရှေ့ရပ်ကွက် ဦးလှထွန်းတင် နေအိမ်တွင် ပြည်ထောင်စုကြံ့ခိုင်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရပ်ကွက်ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မန္တလေးခရိုင် နယ်မြေတာဝန်ခံ တိုင်းကော်မတီ ဦးမျိုးမြင့်၊ တိုင်းကော်မတီဦးကျော်စန်း၊ ခရိုင်ကော်မတီများ၊ အောင်မြေသာစံမြို့နယ် ယာယီဥက္ကဌ ဦးဆွေချစ်စိုး (ဘဏ္ဍာရေးမှူး) နှင့် မြို့နယ်ကော်မတီများ၊ ရပ်ကွက်ပါတီဥက္ကဌများနှင့် ကော်မတီဝင်များ တက်ရောက်၍ ရပ်ကွက်ဆိုင်းဘုတ်တင်အခမ်းအနား ကျင်းပခဲ့ပါသည်။