ပါတီအလံသစ်တင်ခြင်းအခမ်းအနား မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီကျင်းပ

 

မြစ်သားမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး မျက်နှာစာရှေ့တွင် ယနေ့ နံနက် ၁ဝ နာရီ ၄၅ မိနစ်က ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံနှင့် ပြည်ခိုင်ဖြိုးပါတီအလံ သစ်ကို လွှင့်တင်ခြင်းအခမ်းအနား ကျင်းပသည်။

အဆိုပါအလံသစ်လွှင့်တင်ခြင်း အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသ ကြီးပါတီကော်မတီ ကျောက်ဆည် ခရိုင် နယ်မြေတာဝန်ခံ ဒေါ်သိင်္ဂီ အောင်၊ ကျောက်ဆည်ခရိုင်ပါတီ ကော်မတီ ဒေါ်ခင်နွယ်မြင့်၊ မြစ်သား မြို့နယ်ပါတီဥက္ကဋ္ဌဦးအောင်ကြည်၊ မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ စုစုပေါင်း အင်အား ၁၂၂ဦးတို့က အလံသစ် လွှင့်တင်ပြီး နိုင်ငံတော်အလံကို အလေးပြု၍ နိုင်ငံတော်သီချင်း ကိုသံပြိုင်သီဆိုကာ ပါတီအလံသစ် ကို လွှင့်တင်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစည်း အဝေးခန်းမတွင် ရပ်/ကျေးဥက္ကဋ္ဌ များ၊ လပတ်ပုံမှန်အစည်းအဝေး ကျင်းပပြီး တိုင်းဒေသကြီးပါတီ ကော်မတီ ကျောက်ဆည်ခရိုင် နယ်မြေတာဝန်ခံဒေါ်သိင်္ဂီအောင်က အဖွင့်အမှာစကားပြောကြားရာ မြစ်သားမြို့နယ်ပါတီအနေဖြင့်တက် ညီလက်ညီရှိသည့်အတွက် များစွာ ဂုဏ်ယူမိပါကြောင်း၊ဆက်လက်ပြီး အောင်မြင်အောင်ကြိုးစားကြပြီး ပါတီဝင် တိုးပွားရေးနှင့် မိမိတို့ ရပ်ကွက်ကျေးရွာများ၊ လိုအပ်ချက် ဖွံ့ဖြိုးရေးများကို တင်ပြပေးကြရန် ပြောကြားသည်။
ယင်းနောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်က ယခုကဲ့သို့ ပုံမှန် အစည်းအဝေးကို မပျက်မကွက် တက်ရောက်လာကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ပြည် ခိုင်ဖြိုးပါတီ ၂ဝ၂ဝ ပြည့်နှစ်တွင် လည်း အနိုင်ရပါတီဖြစ်ရန် အားလုံး ကြိုးပမ်းအားထုတ်ကြပါရန် မှာ ကြားကာ အလံသစ်တင်ခြင်း အခမ်း အနားနှင့် ရပ်/ကျေးလစဉ်ပုံမှန် အစည်းအဝေးကို မွန်းတည့် ၁၂ နာရီတွင် အောင်မြင်စွာပြီးစီး ကြောင်း သိရသည်။

ဥာဏ်ဆောင်