ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးမြို့ပေါ် လေးမြို့နယ် ရပ်ကွက်ပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ တက်ရောက်အားပေး

 

မန္တလေး ဇူလိုင် ၂၄

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးဝဏ္ဏမောင်လွင်သည် ယနေ့မွန်းလွဲ ၁ နာရီက တိုင်း ဒေသကြီး ပါတီရုံးခန်းမ၌ ကျင်းပ သော မန္တလေးမြို့ပေါ်လေး မြို့နယ် ရပ်ကွက်ပါတီဥက္ကဋ္ဌများ တာဝန် ပေးအပ်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး ချီးမြှင့်ခဲ့ သည်။
အဆိုပါအခမ်းအနားအား နိုင်ငံ တော်အလံကိုအလေးပြု၍ နိုင်ငံ တော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ် ခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီးတာဝန်ခံဦးဝဏ္ဏမောင်လွင် က အဖွင့်အမှာစကားပြောကြားခဲ့ ပြီးနောက်

ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း မောင်က အမှာစကားဆက်လက်ပြောကြား ခဲ့သည်။
ဆက်လက်၍ မန္တလေးခရိုင်ပါတီ ယာယီဥက္ကဋ္ဌဒေါ်ဝါဝါလှိုင်က ဒေသအခြေ အနေများအား ရှင်းလင်းတင်ပြပြီးနောက် အစီအစဉ်အရ တိုင်းဒေသကြီးပါတီရုံးတွင် ကျင်းပသောအခမ်းအနား၌ ရပ်ကွက်ပါတီ ဥက္ကဋ္ဌများအား ပြည်ခိုင်ဖြိုးပါတီဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံဦးဝဏ္ဏမောင်လွင်က ရပ်/ကျေး ပါတီဥက္ကဋ္ဌတာဝန်များ အသီးသီးပေးအပ် ၍ ပြည်ခိုင်ဖြိုးပါတီသို့အသစ်ဝင်ရောက်လာ သော ပါတီဝင်သစ်များ၏ ပါတီအဆိုပြု လွှာများအား ရပ်ကွက်ပါတီဥက္ကဋ္ဌကပေး အပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင်မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က လက်ခံရယူခဲ့သည်။
ထို့နောက် ပါတီဝင်သစ်များဖြစ်သော ချမ်းအေးသာစံမြို့နယ်၊ ကံကောက်ကြီးရပ် ကွက်မှ မယွန်းမီမီဇော်နှင့် မဟာအောင်မြေ မြို့နယ်၊ မဟာအရှေ့ရပ်ကွက်မှ မောင်စိုင်း ထက်ကျော်တို့က ပြည်ခိုင်ဖြိုးပါတီသို့ဝင် ရောက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးဝဏ္ဏ မောင်လွင်နှင့်အဖွဲ့သည် ပြည်ခိုင်ဖြိုးပါတီသို့ အသစ်ဝင်ရောက်လာသော ပါတီဝင်သစ် များအားပါတီ၏ ရင်ထိုးတံဆိပ်များကိုတပ် ဆင်ပေးခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးဟေ့ တေး သီချင်းကို အခမ်းအနားသို့တက်ရောက်လာ သူများကသံပြိုင်သီဆို၍ အခမ်းအနားပြီး ဆုံးခဲ့သည်။
ယနေ့ကျင်းပသော အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသ ကြီး တာဝန်ခံ ဦးဝဏ္ဏမောင်လွင်နှင့်အတူ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးဝင်း မောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ မန္တလေးခရိုင်ပါတီ ယာယီဥက္ကဋ္ဌဒေါ်ဝါဝါလှိုင်နှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ အောင်မြေသာစံ၊ ချမ်း အေးသာစံ၊ မဟာအောင်မြေနှင့် ချမ်းမြ သာစည်မြို့နယ်တို့မှ မြို့နယ်ပါတီဥက္ကဋ္ဌ များ နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်များ၊ ပါတီဝင်သစ်များ အပါအဝင် စုစုပေါင်းအင်အား ၇ဝဝကျော်တက်ရောက် ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး ပါတီရုံးတွင် ကျင်းပ သော ရပ်ကွက်ပါတီဥက္ကဋ္ဌများ တာဝန်ပေး အပ်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေး အပ်ပွဲ အခမ်းအနားတွင် အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ နှင့်ချမ်းမြ သာစည်မြို့နယ်တို့ရှိ ရပ်ကွက်များမှသက် ၁၈ နှစ်အထက် ပါတီဝင်အသစ်စုစုပေါင်း ၆၇၇ ဦး ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်ခဲ့ ကြောင်း သိရသည်။

သုတ