တွဲဖက်ရွှေကျင်သာသနာပိုင် ဆရာ​တော်​ဘုရားကြီး၏ ရုပ်​ကလာပ်​အား ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး သွား​ရောက်​ဖူး​မျှော်​ကန်​​တော့၍ အန္တိမအဂ္ဂိဈာပနသာဓုကိဠန အခမ်းအနားကျင်းပ​ရေးကော်​မတီထံ အလှူ​ငွေ​ပေးအပ်​လှူဒါန်း

 

ဇွန်​(၂၈)၊မန္တ​လေး

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးသည်​ ယ​နေ့နံနက်​ ၁၀ နာရီခွဲ​က မဟာဝိသုဒ္ဓါရုံတိုက်သစ်မဟာနာယက၊ ရွှေကျင်နိကာယဥပ ဥက္ကဋ္ဌ၊ တွဲဖက်ရွှေကျင်သာသနာပိုင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ မတ္တရာသူဌေးကျောင်းဆရာတော်ဘုရားကြီး၊ ဘဒ္ဒန္တမာနိတသီရိဘိဝံသ (သက်တော် ၈၄ နှစ်၊ ဝါ​​တော် ၆၄ ဝါ)၏ ရုပ်​ကလာပ်​​တော်​ အပူ​ဇော်​ခံထားရှိရာ မန္တ​လေးမြို့၊ မဟာ​အောင်​​မြေမြို့နယ်​ ၊မဟာဝိသုဒ္ဓါရုံတိုက်သစ်၊​ အောင်​​မြေသာစည်​အလယ်​​ကျောင်းကြီးသို့​ ရောက်​ရှိလာပြီး ဆရာ​တော်​ဘုရားကြီး၏ ရုပ်​ကလာပ်​တော်​အား ဖူး​မျှော်​ကြည်​ညိုကန်​​တော့၍ အန္တိမအဂ္ဂိဈာပနသာဓုကိဠန အခမ်းအနားကျင်းပ​ရေးကော်​မတီထံ အလှူ​ငွေ​ပေးအပ်​လှူဒါန်းခဲ့သည်​။

ကျောက်ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုအလိုက် ဆိုင်းဘုတ်အသစ်တင်

 

မန္တလေးတိုင်းဒေသကြီးညောင်ဦး ခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ မြို့နယ်အတွင်းရှိ ကျေး ရွာအုပ်စုအလိုက် ပါတီဆိုင်းဘုတ် အဟောင်းများကို ဖြုတ်သိမ်း၍ ဆိုင်းဘုတ်အသစ်တင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ပါတီကော်မတီဝင်တစ်ဦးထံမှ သိရသည်။

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပ

 

စဥ့်ကိုင် ဇွန် ၂၆

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ စွန်ရဲအုပ်စု ရှမ်းကန်အုပ်စု တောင်ရင်းအုပ်စု (၃)အုပ်စု ရပ်/ကျေးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သိင်္ဂီအောင်၊ ခရိုင်ကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးကြည်ပြုံး၊ အတွင်းရေးမှူး ဦးထွန်းနိုင်နှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီအဖွဲ့ဝင် များနှင့်အတူ တက်ရောက်ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီမှ လူငယ်မောင်မယ်များ စုပေါင်းသွေးလှူဒါန်းခြင်း

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျောက်ဆည်မြို့တွင် ယနေ့ (၂၆.၆.၂၀၁၈) ရက်နေ့တွင် ” ဆရာတော်ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ”အရှင်ဝီရသူ ( မစီုးရီမ် ) ၏ နှစ် ( ၅၀ ) ပြည့် ရွှေရတုမွေးနေ့အထိမ်းအမှတ်” ပါရမီပျိုးခင်း ” သွေးလှူအသင်း၏ ( ၂၀ ) ကြိမ်မြောက် သွေးလှူဒါန်းပွဲသို့ ကျောက်ဆည်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးစိုးထွန်းနှင့် အတွင်းရေးမှူး ဦးဆွေဦး၊ မြို့နယ်ကော်မတီဝင်များနှင့် ပြည်ခိုင်ဖြိုးလူငယ်မောင်မယ်များကို မြို့နယ်လူငယ်တာဝန်ခံ ဦးသန်းဝင်းစိုးမှ ဦးဆောင်ကာ အလှူဒါနအဖြစ် အများပြည်သူများအကျိုးရှိစေရန် ရည်ရွယ်သန်၍ သွေးများကို နံနက် ( ၉:၀၀ ) အချိန် ကျောက်ဆည်မြို့ မင်းကုန်းကျောင်းတိုက်တွင် စုစုပေါင်းအင်အား အယောက် ၂၀ ဖြင့် သွားရောက် ကုသိုလ်တော်ယူကြပါသည်.။

ပြည်ခိုင်ဖြိုးလူငယ်ညီလာခံ အောင်မြင်ခြင်းအထိမ်းအမှတ်လုပ်အားဒါနယူ

 

25 June 2018

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ လူငယ်ညီလာခံအောင်မြင်ခြင်း အထိမ်း အမှတ်အဖြစ် ယမန်နေ့ နံနက် ၉ နာရီခွဲက အရေးမဆိုရွာ လေးမျက်နှာ ဘုရားပရိဝုဏ်အား မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကြည်ပြုံးဦးဆောင် ၍ လူငယ်တာဝန်ခံ ဒေါ်တင်မိုးခိုင်နှင့် လူငယ်အင်အား ၇ဝ၊ သင်္ဂတုံ ရွာ စေတနာလူမှုရေးအသင်းမှအင်အား ၂ဝ၊ ကျေးရွာမှ အင်အားများ နှင့်အတူ စုစုပေါင်းအင်အား ၁ဝဝကျော်ဖြင့် လုပ်အားဒါနကုသိုလ်ယူကာ ရပ်/ကျေးပါတီဥက္ကဋ္ဌမိသားစုက ဧည့်ခံကျွေးမွေးခဲ့သည်။

ငါန်းဇွန်မြို့နယ် သောင်ပြင်ကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်သစ်တင်ပွဲကျင်းပ

 

ငါန်းဇွန် ဇွန် ၂၅

မန္တလေးတိုင်းဒေသကြီးမြင်းခြံ ခရိုင် ငါန်းဇွန်မြို့နယ် သောင်ပြင် ကျေးရွာအုပ်စု သောင်ပြင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင်ဦးလှမြင့်နေအိမ် ၌ ယမန်နေ့ မွန်းလွဲ ၁နာရီက ပြည် ခိုင်ဖြိုးပါတီဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးကျော်တင်၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကိုကို၊ အတွင်းရေးမှူးဦးစိုးနိုင် နှင့်ပါတီကော်မတီဝင်များ၊ကျေးရွာ အုပ်စုပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင် မောင်ဌေးတို့က ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ်တင်ကြပြီး နံ့သာ ရည်များပက်ဖျန်းကြသည်။

တွဲဖက်ရွှေကျင်သာသနာပိုင်ကြီး၏ဈာပနအတွက်​ မန္တ​လေးတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီမှ အလှူ​ငွေများလှူဒါန်း

 

(၂၃.၆.၂၀၁၈)ရက်​​နေ့ နံနက်​ပိုင်းက ဘဝနတ်​ထံပျံလွန်​​တော်​မူခဲ့​သော မဟာအောင်မြေမြို့နယ် မဟာဝိသုဒ္ဓါရုံတိုက်သစ် မတ္တရာသူဌေးကျောင်းဆရာတော် ရွှေကျင်နိကာယ ဥပဥက္ကဌ တွဲဖက်ရွှေကျင်သာသနာပိုင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တမာနိတသီရိဘိဝံသ၏ရုပ်​ကလာပ်​အား (၂၅-၆-၂၀၁၈) ရက်နေ့ (၁၁း၀၀)အချိန်​တွင်​မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းမောင် တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ မဟာ​အောင်​​မြေမြို့နယ်​ပါတီအဖွဲ့တို့မှ သွား​ရောက်​ဖူး​မျှော်​ကန်​​တော့ပြီး အန္တိမဈာပနအတွက်​ တိုင်း​ဒေသကြီးပါတီမှအလှူ​ငွေ(၃)သိန်းကျပ်​လှူဒါန်းခဲ့ပါသည်​။


သဘာဝဘေးကြောင့် တောင်တွန်းမြေပြိုမှုကြောင့်ပျက်​ဆီးခဲ့​သော မြေထိန်းနံရံ ပြု ပြင်ခြင်းလုပ်ငန်းအား မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လုပ်​အားဒါနကုသိုလ်ပါဝင်

 

(၂၅.၆.၂၀၁၈) ရက်​​နေ့ နံနက်​ပိုင်းတွင်​ မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဥက္ကဌ ဦးဘဌေး ဦးဆောင်၍ မြို့နယ်ကော်မတီဝင်များ၊ အုပ်စုဥက္ကဌများ၊ ပါတီဝင်လူငယ်များအင်အား (၈၀) ခန့်သည် မိုးကုတ်မြို့ မစိုးရိမ်တိုက်သစ်ဓမ္မမာမကကျောင်းတိုက်၏ အနောက်ဘက်တွင် (၁၄.၆.၂၀၁၈) ရက်​​နေ့က သဘာဝဘေးကြောင့် တောင်တွန်းမြေပြိုမှုကြောင့်ပျက်​ဆီးခဲ့​သော မြေထိန်းနံရံ ပြု ပြင်ခြင်းလုပ်ငန်းအား မိုးကုတ်ပြည်ခိုင်ဖြိုးပါတီမှ လုပ်​အားဒါနကုသိုလ်ပါဝင်ခဲ့ကြပါသည်။

မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီတွေ့ဆုံဆွေးနွေး တိုင်းဒေသကြီးပါတီကော်မတီဝင် တက်ရောက်

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် ယနေ့နံနက် ၉ နာရီခွဲ၌ တိုင်းဒေသ ကြီးပါတီကော်မတီဝင် ခရိုင်တာဝန်ခံ ဦးတင့်လွင်ဦး၊ ခရိုင် ပါတီဥက္ကဋ္ဌဦးဝင်းကြည်တို့သည် မိုးကုတ်မြို့နယ်ပါတီ ကော် မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးကြသည်။

ပထမဦးစွာဦးတင့်လွင်ဦးက ယနေ့တိုင်းပြည်အခြေအနေ နှင့် ပါတီအတွက်လုပ်ဆောင်ရမည့် ရှေ့လုပ်ငန်းစဉ်များရှင်း လင်းပြောကြားခြင်း၊ ဦးဝင်းကြည်က ပါတီ၏ခံယူချက်နှင့် သဘောတရားများရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်အလုပ် အမှုဆောင် ဦးမြသောင်းက ပါတီ၏လိုအပ်ချက်များ ဆွေးနွေး တင်ပြပြီး နံနက် ၁၁ နာရီတွင် ဆွေးနွေပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက် ခရိုင်ကော်မတီဝင်နယ်မြေတာဝန်ခံနှင့်အဖွဲ့ ရပ်ကွက်ပါတီဥက္ကဌ ရပ်ကွက်ကော်မတီဝင်များအား ကွင်းဆင်းထိတွေ့

 

ပြည်တောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ကြီးတံခွန်မြို့နယ် ( ဆ) ရပ်ကွက်တွင် မန်းလေးခရိုင် ကော်မတီဝင်နယ်မြေတာဝန်ခံ ဦးဝင်းလှိုင်ညိမ်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးအေး၊ ကိုစံရ(ဘဏ္ဍာရေးမှူး)l မြို့နယ်ကော်မတီဝင် ဦးမြင့်ဇော်၊ အရန်ကော်မတီဝင် ဦးစောနိုင်တို့နှင့် ရပ်ကွက်ပါတီဥက္ကဌ၊ ရပ်ကွက်ကော်မတီဝင်များအား ကွင်းဆင်းထိတွေ့ခဲ့ပါသည်။