ကျောက်ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုအလိုက် ဆိုင်းဘုတ်အသစ်တင်

 

မန္တလေးတိုင်းဒေသကြီးညောင်ဦး ခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ မြို့နယ်အတွင်းရှိ ကျေး ရွာအုပ်စုအလိုက် ပါတီဆိုင်းဘုတ် အဟောင်းများကို ဖြုတ်သိမ်း၍ ဆိုင်းဘုတ်အသစ်တင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ပါတီကော်မတီဝင်တစ်ဦးထံမှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်များကို ၂ဝ၁ဝ ပြည့်နှစ် ဇွန် ၂၉ ရက် မှ စတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စု အလိုက် ပါတီဆိုင်းဘုတ်များကို တင်ထားခဲ့ပြီး ယခုအခါ ဆိုင်း ဘုတ်များ အရောင်မှေးမှိန်ခြင်း၊ ပျက်စီးခြင်း များဖြစ်ပေါ်နေပြီဖြစ် ရာ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဝင်း မြင့်နှင့် ကော်မတီဝင်များက ကျေး ရွာအုပ်စုအလိုက်ကွင်းဆင်း၍ ဆိုင်း ဘုတ်သစ်တင်ခြင်းများ ဆောင် ရွက်ပေးခဲ့သည်။

ယခုလ ၂၄ ရက်က လက်ပံ ပြားနယ်မြေခွဲအတွင်းရှိ လက်ပံ ပြား၊ တောင်ဦး၊ ကြက်ပစ်၊ရေငံ၊ အင်တောကျယ်နှင့်အင်တောကျေး ရွာအုပ်စုတွင် ဆိုင်းဘုတ်သစ်တင် ခြင်းနှင့် အမွှေးနံ့သာရည်ပက်ဖျန်း ခြင်းများပြုလုပ်ခဲ့ကြသည်။ မြို့နယ် ပါတီဥက္ကဋ္ဌဦးဝင်းမြင့်က သက် ဆိုင်ရာ ကျေးရွာအုပ်စုများမှ ကျေးရွာပါတီဥက္ကဋ္ဌနှင့် ပါတီဝင် များအားတွေ့ဆုံ၍ ပါတီဝင်အသစ် များတိုးပွားရေးနှင့် ပြည်သူ့လိုအပ် ချက်များကို အမြဲတမ်းလေ့လာ ဆန်းစစ်၍ ပါဝင်ပူးပေါင်းဖြည့် ဆည်းပေးနိုင်ရေး၊ ကျေးရွာ လူမှု ရေးလုပ်ငန်းများကို မိမိတို့ပါတီဝင် အင်အားဖြင့် တက်တက်ကြွကြွ ပါ ဝင်ဆောင်ရွက်ကြရေး ဆွေးနွေးမှာ ကြားသည်။

ကျောက်ပန်းတောင်းမြို့နယ် အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ် အသစ် တင်ခြင်းများကို မြို့နယ်ပါ တီဥက္ကဋ္ဌ ဦးဝင်းမြင့်ကိုယ်တိုင် ဦးဆောင်ကြီးကြပ်၍ ယခုလ ၂၃ ရက်မှ စတင်ဆောင် ရွက်ခြင်းဖြစ် ပြီး ယင်းနေ့တွင် မြင်သာတောင်၊ ဆူးဖြူကုန်း၊ ကျားနေအိုင့်၊ လှိုင် သာ၊ စိတ္ထိန်းအစရှိသည့် ကျေးရွာ အုပ်စုများတွင် ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်းနှင့် ယမန်နေ့အထိ ကျေး ရွာအုပ်စုပေါင်း ၁၁ အုပ်စုတွင် ပါတီဆိုင်းဘုတ်အသစ်များ တင်ပြီး ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကိုနေ(ကျောက်ပန်းတောင်း)