တွဲဖက်ရွှေကျင်သာသနာပိုင် ဆရာ​တော်​ဘုရားကြီး၏ ရုပ်​ကလာပ်​အား ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး သွား​ရောက်​ဖူး​မျှော်​ကန်​​တော့၍ အန္တိမအဂ္ဂိဈာပနသာဓုကိဠန အခမ်းအနားကျင်းပ​ရေးကော်​မတီထံ အလှူ​ငွေ​ပေးအပ်​လှူဒါန်း

 

ဇွန်​(၂၈)၊မန္တ​လေး

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးသည်​ ယ​နေ့နံနက်​ ၁၀ နာရီခွဲ​က မဟာဝိသုဒ္ဓါရုံတိုက်သစ်မဟာနာယက၊ ရွှေကျင်နိကာယဥပ ဥက္ကဋ္ဌ၊ တွဲဖက်ရွှေကျင်သာသနာပိုင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ မတ္တရာသူဌေးကျောင်းဆရာတော်ဘုရားကြီး၊ ဘဒ္ဒန္တမာနိတသီရိဘိဝံသ (သက်တော် ၈၄ နှစ်၊ ဝါ​​တော် ၆၄ ဝါ)၏ ရုပ်​ကလာပ်​​တော်​ အပူ​ဇော်​ခံထားရှိရာ မန္တ​လေးမြို့၊ မဟာ​အောင်​​မြေမြို့နယ်​ ၊မဟာဝိသုဒ္ဓါရုံတိုက်သစ်၊​ အောင်​​မြေသာစည်​အလယ်​​ကျောင်းကြီးသို့​ ရောက်​ရှိလာပြီး ဆရာ​တော်​ဘုရားကြီး၏ ရုပ်​ကလာပ်​တော်​အား ဖူး​မျှော်​ကြည်​ညိုကန်​​တော့၍ အန္တိမအဂ္ဂိဈာပနသာဓုကိဠန အခမ်းအနားကျင်းပ​ရေးကော်​မတီထံ အလှူ​ငွေ​ပေးအပ်​လှူဒါန်းခဲ့သည်​။

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အတူ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူးဦးသက်​နိုင်​ဝင်း၊ ပါတီဗဟိုလုပ်​အမှု​ဆောင်​ မန္တ​လေးတိုင်း​ဒေသကြီးပါတီနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏမောင်​လွင်​၊ ပါတီဗဟိုလုပ်​အမှု​ဆောင်​ မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​၊ ဗဟို​ကော်​မတီဝင်​များ၊ တိုင်းဒေသကြီးပါတီ​ကော်​မတီဝင်​များ၊ မန္တ​လေးခရိုင်​ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့်​ ​ကော်​မတီဝင်​များ၊ မြို့နယ်​ပါတီဥက္ကဋ္ဌများနှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ လိုက်​ပါ၍ ဆရာ​တော်​ဘုရားကြီး၏ ရုပ်​ကလာပ်​​တော်​အား ဖူး​မျှော်​ကြည်​ညိုကန်​​တော့၍ ပြည်​ခိုင်​ဖြိုးပါတီမှ ​အလှူ​ငွေသိန်း (၃၀) ကျပ်​အား အန္တိမအဂ္ဂိဈာပနသာဓုကိဠန အခမ်းအနားကျင်းပ​ရေးကော်​မတီထံ ပေးအပ်​လှူဒါန်းခဲ့ပြီး​နောက်​ ဧည့််​သည်​​တော်​မှတ်​တမ်းတွင်​ လက်​မှတ်​​ရေးထိုးခဲ့သည်​။