ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ပုသိမ်ကြီးမြို့နယ် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

 

မန္တလေး ဇူလိုင် ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးဝဏ္ဏမောင်လွင်သည် ယနေ့နံနက် ၉ နာရီက မြို့နယ်ပါတီရုံးတွင် ကျင်းပသော ပုသိမ်ကြီးမြို့နယ် ပါတီဝင်အဆိုပြုလွှာစုပေါင်း ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး ချီးမြှင့်ခဲ့သည်။
အဆိုပါအခမ်းအနားအား နိုင်ငံတော်အလံကို အလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုဖွင့် လှစ်ခဲ့ပြီးနောက်ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးဝဏ္ဏ မောင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နောက် ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဝင်းမောင် က အမှာစကားဆက်လက်ပြောကြားခဲ့သည်။
ဆက်လက်၍ ပုသိမ်ကြီးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဆွေသန်းကဒေသအခြေအနေများအားရှင်းလင်း တင်ပြပြီးနောက် ပါတီသို့ အသစ်ဝင်ရောက်လာ သော ပါတီဝင်သစ်များ၏ အဆိုပြုလွှာများအား ရပ်/ကျေးပါတီ ဥက္ကဋ္ဌများက ပေးအပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်မှ လက်ခံရယူပြီး ပါတီဝင်သစ်များ ၏ပါတီဝင်ကြေးများကိုမြို့နယ်ပါတီဘဏ္ဍာရေးမှူး ဦးဝင်းနိုင်က တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးထံ ပေးအပ်ခဲ့သည်။
ထို့နောက် ပါတီဝင်သစ်တစ်ဦးဖြစ်သော ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ကျေးရွာမှ ဦးကြင်ခိုင်ကပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက်ရခြင်း နှင့်ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ကာပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးဝဏ္ဏ မောင်လွင်နှင့်အဖွဲ့သည် ပြည်ခိုင်ဖြိုးပါတီသို့ အသစ်ဝင်ရောက်လာသော ပါတီဝင်သစ်များအား ပါတီ၏ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခဲ့ပြီး နောက် ပြည်ခိုင်ဖြိုးဟေ့ တေးသီချင်းကို အခမ်း အနားသို့ တက်ရောက်လာသူများက သံပြိုင်သီဆို ၍ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
ယနေ့ကျင်းပသောအခမ်းအနားသို့ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံဦးဝဏ္ဏမောင်လွင် နှင့်အတူ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း မောင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီ ကော် မတီဝင်များ၊ မန္တလေးခရိုင် ပါတီယာယီဥက္ကဋ္ဌ ဒေါ်ဝါဝါလှိုင်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဆွေ သန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးကိုကိုလွင် နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်များ၊ ပါတီဝင်သစ်များအပါအဝင် စုစုပေါင်းအင်အား ၄၅ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ် ပါတီရုံးတွင် ကျင်းပသော ပါတီဝင်အဆိုပြုလွှာစု ပေါင်းပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အသက် ၁၈ နှစ် အထက် ပါတီဝင်အသစ် စုစုပေါင်း ၄၁၉ ဦး ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်ခဲ့ကြောင်း သိရ သည်။

သုတ (မန္တ​လေး)