အုတ်​တွင်းမြို့နယ်​ အမှတ် ​(၁) နယ်​​မြေ လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးဝင်းမြင့် ဝဲကြီး​ကျေးရွာနှင့် သိုက်​ကုန်း​ကျေးရွာရှိ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ

 

၂၀၁၈၊ ​အောက်​တိုဘာလ ၁ ရက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်သည် ခရိုင်ပါတီကော်မတီဝင် ဦးလွင်မြင့် နှင့် မြိ့နယ်ပါတီကော်မတီဝင်များ လိုက်ပါ၍ အောက်တိုဘာ (၁) ရက်နေ့နံနက် (၀၉:၀၀) နာရီအချိန် ​တောပုကျေးရွာအုပ်စု သိုက်​ကုန်း​ကျေးရွာ ဦး​ရွှေ​နေအိမ်​၌ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံခဲ့ပါသည်။
ထို​တွေ့ဆုံပွဲကို ​နေ့လည်​ ၁၂းဝဝ နာရီတွင်​ပြီးဆုံးခဲ့ပြီး ​နေ့လည်​ပိုင်း ​တွေ့ဆုံပွဲကို ​နေ့လည်​ ၁၃းဝဝ နာရီမှ ၁၄းဝဝ နာရီထိ ဝဲကြီး​ကျေးရွာ ဦးဖိုးတိုး​နေအိမ်​တွင်​ ကျင်းပပြုလုပ်​ခဲ့ပါသည်​ ။
တွေ့ဆုံပွဲ၌ ခရိုင်ပါတီကော်မတီဝင် ဦးလွင်မြင့်က လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်နှင့် မဲဆန္ဒရှင်ပြည်သူများအား မိတ်ဆက်ပေးပြီး ပါတီ၏ မူဝါဒလမ်းစဉ်များ နိုင်ငံရေးအခြေနေများ ရှင်းလင်းပြောကြားပါသည်။ ထို့​နောက်​ မဲ​ပေးရမည့်​နေ့ရက်​ အချိန်​များ မဲ​ပေးပုံနည်းစနစ်​များကို
ရှင်းလင်း​ဆွေး​နွေးခဲ့ပါသည်​ ။
၎င်းနောက် အုတ်​တွင်းမြို့နယ်​ အမှတ်​ (၁) နယ်​​မြေ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်က မဲဆန္ဒရှင်ပြည်သူများအား နှုတ်ခွန်းဆက်စကားပြောကြားပြီး မိမိသည် မဲဆန္ဒရှင်ပြည်သူများ၏ ကြုံတွေ့နေရတဲ့ အခက်ခဲများ သဘောထားဆန္ဒများကို အလေးထားပြီး ဆောင်ရွက်ပေးလိုကြောင်း လွှတ်တော်ကိုယ်စားလှယ်အဟောင်း တစ်ယောက်ဖြစ်တာနဲ့အညီ လုပ်ဆောင်ရန် ကျန်ရှိနေတဲ့ လုပ်ငန်းရပ်များကိုလည်း ပြန်လည်အကောင်ထည် ဖော်လိုကြောင်း၊ သို့ဖြစ်ပါ၍ မိမိကို ယုံကြည်စွာဖြင့် မဲပေးကြဘို့ စည်းရုံး ဟောပြောပါသည်။ ရှင်းလင်းပြောကြားပြီး မဲဆွယ်စည်းရုံးပွဲကို နေ့လည် (၁၄း၀၀) အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
ထို​တွေ့ဆုံပွဲသို့ ပဲခူးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီ အတွင်း​ရေးမှူး ဦးညီညီမြင့်နှင့် တိုင်း​ကော်​မတီဝင်​များ တက်​​ရောက်​အား​ပေးခဲ့​ကြောင်း သတင်း ရရှိပါသည်​ ။

Nay Kar Yan