မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များကွင်းဆင်းဆောင်ရွက်

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ဇရပ်လှ အုပ်စု ဇရပ်လှရွာသို့ ယမန်နေ့ နံနက် ၈ နာရီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်ကော်မတီဝင်ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထူးခိုင်နှင့် မြို့ နယ် ကော်မတီဝင်များသည် ဇရပ်လှအုပ်စု ဇရပ်လှရွာ ပါတီဝင် များ၏ ပါတီဝင်နှစ်စဉ်ကြေးပေးအပ်မှုကို မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထူးခိုင်က လက်ခံရယူပြီး ပါတီဝင်များတိုးပွားဆောင်ရွက်ရေးနှင့် မိမိတို့ပါတီ သည် ပြည်သူဘက်မှ အစဉ်ရပ်တည်နေမည်ဖြစ်ကြောင်း၊ ပြည်သူ အတွက် ပြည်ခိုင်ဖြိုးအမြဲရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုတ်တရက်သေဆုံးသွားသော ကီးဘုတ်ဆရာအတွက် ကျန်ရစ်သူမိသားစုအား ပြည်ခိုင်ဖြိုးပါတီမှထောက်ပံ့ငွေပေးအပ်

 

ပဲခူးခရိုင် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာလှုပ်ရှားမှု တတိယ အကြိမ် ထမနဲထိုးပြိုင်ပွဲတွင် လာရောက်တီးခတ်ဖျော်ဖြေပေးသော ကီးဘုတ်ဆရာ ကိုဝင်းလွင်သည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီကျော်က ထမင်းစားပြီး ခေတ္တအနားယူနေစဉ် ရုတ်တရက်သေဆုံးသွားခဲ့သည်။

ပဲခူးခရိုင် ပြည်ခိုင်ဖြိုးပါတီ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီး မှကြီးမှူးကျင်းပသော ပဲခူးခရိုင် ပြည်ခိုင်ဖြိုးပါတီ ထမနဲထိုးပြိုင်ပွဲအား ယနေ့နံနက် ၁၁ နာရီအချိန်တွင် ကျင်းပပြုလုပ်ပြီး ခရိုင်အတွင်းရှိမြို့နယ်များဖြစ်သည့် ပဲခူးမြို့နယ် ၊ ညောင်လေးပင်မြို့နယ် ၊ ဝေါမြို့နယ် ၊ ကျောက်တံခါးမြို့နယ် ၊ သနပ်ပင်မြို့နယ် ၊ က၀မြို့နယ် ၊ ဒိုက်ဦးမြို့နယ် ၊ ရွှေကျင်မြို့နယ် တို့မှ ပါတီဝင်များဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။

ပဲခူး(အနောက်)၊ပြည်ခရိုင် အမျိုးသမီးရေးရာတွေ့ဆုံပွဲ

 

ပြည်ခရိုင်၊ အမျိုးသမီးရေးရာ တွေ့ဆုံပွဲအခန်းအနားကိုဗဟိုအတွင်းရေးမှူးဒေါက်တာဒေါ်စန်းစန်းနွယ်၊တိုင်းပါတီဥက္ကဌဦးစောမော်ထွန်း၊ဒုတိယဥက္ကဌ ဦးအောင်ချိုဦးနှင့် တိုင်းကော်မတီဝင်များ             ပြည်ခရိုင်ကော်မတီဝင်များ(၆)မြို့နယ်ဥက္ကဌနှင့် ကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များစုံညီစွာတက်ရောက်ကြသည်။


ရေတာရှည်၌ ရွာလုံးကျွတ်နီးပါး ပါတီဝင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းမြင့်ထွန်း၊ အတွင်းရေးမှူး ဦးစိုးသီဟနှင့် မြို့နယ်ကော်မတီဝင်များသည် အထက်သိုင်းနယ် သစ်ပုတ်ပင်ကျေးရွာအုပ်စုအတွင်း ရှိ ကျောက်တလုံးရွာ၊ ဘန့်ဘွေးပင်ရွာများသို့ ယခုလ ၂၅ ရက်မှ ယနေ့အထိ နယ်မြေကွင်းဆင်း၍ ရွာလုံးကျွတ်နီးပါး ပါတီဝင်ကြ မည့်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စုပေါင်းအဆိုပြုလွှာပေး အပ်ပွဲအခမ်းအနားကျင်းပနိုင်ရေးအတွက် စုပေါင်းညှိနှိုင်းဆွေး နွေးခဲ့ကြသည်။

သိန်းမြင့်ထွန်း(ရေတာရှည်)

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ပဲခူးအရှေ့ခြမ်း ခရိုင် / မြို့နယ်ဥက္ကဋ္ဌများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းဝေးခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီ အချိန်က တိုင်းပါတီဥက္ကဋ္ဌနှင့် ပဲခူးအရှေ့ခြမ်းရှိ ခရိုင် / မြို့နယ်ပါတီဥက္ကဋ္ဌများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းက အဖွင့်အမှာ စကားပြောကြားပြီး တက်ရောက်လာသော ပဲခူး၊ တောင်ငူခရိုင်မှ ဥက္ကဋ္ဌများနှင့် မြို့နယ် ၁၄ မြို့နယ် မှ ပါတီဥက္ကဋ္ဌများက ဆွေးနွေးတင်ပြကြသည်။ထို့နောက် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌက ပါတီ၏ရှေ့လုပ်ငန်းစဉ် များကို လမ်းညွှန်မှာကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ် တနော်ကျွန်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် တနော်ကျွန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီ၂ဝ၁၇ -၂ဝ၁၈ ခုနှစ် ဆိုင်းဘုတ်သစ်တင် အခမ်းအနားကို တနော်ကျွန်းကျေးရွာ ပါတီစည်းရုံးရေးမှူးအသစ် ဦးမင်းညွန့်ဦး၏ နေအိမ်ရှေ့တွင် ယမန်နေ့ နံနက် ၁ဝ နာရီအချိန်က ကျင်းပခဲ့သည်။

တောင်ငူခရိုင် လူငယ်ရေးရာတွေ့ဆုံပွဲ အခမ်းအနားသို့ ပါတီ ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ တက်ရောက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာတွေ့ဆုံပွဲကို နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် တောင်ငူခရိုင် ပြည်ခိုင်ဖြိုးရုံးတွင် ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့် ဗဟိုပါတီကော်မတီဝင်များ တက်ရောက်ခဲ့သည်။ လူငယ်တွေ့ဆုံပွဲ အခမ်းအနားအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး နိုင်ငံတော်သီချင်းအား သံပြိုင် သီဆိုဖွင့်လှစ်ခဲ့သည်။နိုင်ငံတော်သီချင်း သံပြိုင်သီဆိုပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်းမှ အဖွင့်အမှာစကားပြောကြားပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ အစီအစဉ်အရ တောင်ငူခရိုင် ရေတာရှည်မြို့နယ် မြို့နယ်အရံကော်မတီဝင် လူငယ်ရေးရာတာဝန်ခံ မောင်ဇော်ရှင်းမှ လူငယ်ရေးရာ လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ လူငယ်မောင်မယ်များအား အမှတ်တရလက်ဆောင်များပေးအပ်ရာ ပါတီဝင်လူငယ်တစ်ဦးမှလက်ခံရယူသည်။

တောင်ငူမြို့နယ် ဒိုးတောင်ကျေးရွာအုပ်စု ရေချိုးချောင်းကျေးရွာ ကျေးရွာလုံးကျွတ်နီးပါး ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်း တက်ရောက် အားပေး

တောင်ငူ နိုဝင်ဘာ ၂၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် နိုဝင်ဘာ ၂၁ ရက်နေ့ ယနေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ဒိုးတောင်ကျေးရွာအုပ်စု ရေချိုးချောင်းကျေးရွာမှ အသက်ပြည့်ပြီး ဖြစ်သည့် ကျေးရွာသားအားလုံးနီးပါး ကျေးရွာလုံးကျွတ်ပါတီဝင်ခဲ့ကြသည့် ပါတီဝင်များမှ ပါတီဝင်အဆိုပြုလွှာနှင့် ပါတီဝင်ကြေးပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။

ပဲခူးမြို့ အထက (၃) အမျိုးသားတန်းမြင့်ကျောင်း အာစရိယပူဇော်ပွဲ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ တက်ရောက်ပူဇော်

ပဲခူး နိုဝင်ဘာ ၁၃

ပဲခူးမြို့ ဂရင်းဆိုရှယ်ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပသော (၉၇) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့်အတူ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ယခင်အမျိုးသားတန်းမြင့်ကျောင်း၏ ကျောင်းသားဟောင်းများ အာစရိယပူဇော်ပွဲအခမ်းအနား ကျင်းပသည်။