ဇီးကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးကျင်းပ

 

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်၊ရပ်/ကျေး လစဉ်ပုံမှန်တွေ့ဆုံအစည်းအဝေးပွဲကို ယနေ့ ၁၀.၅.၂၀၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့ပြီး အစည်းအဝေးသို့ တိုင်းပါတီကော်မတီဝင် ၊ ခရိုင်ပါတီကော်မတီဝင်၊ မြို့နယ်ပါတီကော်မတီဝင်များ ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့်အမှုဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်သူလူထု၏ လိုအပ်ချက်များ၊ ပါတီ၏ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။

ဗဟိုအတိုင်ပင်ခံ ဒေသအကျိုးပြုလုပ်ငန်းများအား ကြည့်ရှုအားပေး

 

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ဇီးကုန်းမြို့နယ်၌ ယမန် နေ့ မွန်းလွဲ ၃နာရီခွဲတွင် ပြည်ခိုင် ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံသီရိပျံချီ ဦးဥာဏ်ဝင်းနှင့်တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦးထူးခိုင်နှင့် မြို့နယ်ကော်မတီဝင်များ လိုက်ပါ လျက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဗဟိုအတိုင်ပင်ခံနှင့်အဖွဲ့သည် ရှေးဦးစွာ ဇရပ်လှကျေးရွာရှိ ပြန် လည်တည်ဆောက်နေသောတံတား သစ်တည်ဆောက်မှုအား ကြည့်ရှု အားပေးကာ ဒေသခံပြည်သူများ အား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ဒေသအကျိုးဆောင်ရွက်နေမှုတို့ကို ရှင်းလင်းခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီမှပန်းတောင်းမြို့နယ်အတွင်း သောက်သုံးရေလှူဒါန်း

 

ပန်းတောင်း မေ ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြည်ခရိုင်ကော် မတီဝင် ဦးသောင်းထွန်းနှင့် ပန်းတောင်းမြို့နယ်ကော်မတီ ဝင်များသည် ယနေ့နံနက်ပိုင်း က မြို့နယ်အတွင်း သောက် သုံးရေရှားပါးမှုဖြစ်ပေါ်နေသည့် ရွှေညီနောင်အုပ်စု ရေမနောက် ကျေးရွာသို့ သွားရောက်ကာ သောက်ရေသန့်ဘူးကြီးများသွား ရောက်လှူဒါန်းခဲ့ကြောင်း သိရ သည်။

သူရအောင်(ပြည်)

ပန်းတောင်းပြည်ခိုင်ဖြိုးပါတီလူမှုရေးလုပ်ငန်းများအတွက် အလှူငွေများပေးအပ်လှူဒါန်း

 

ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးသန်းဇော်နှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ပန်းတောင်း မြို့နယ် လဲအုပ်စုခုံကြီးကျေးရွာတွင် မီးသဂြုင်္ိဟ်စက် တည်ဆောက်နေ သည့်နေရာအား သွားရောက်ကာ မီးသဂြုင်္ိဟ်စက် ဖြစ်မြောက်ရေး အတွက် အလှူငွေများလှူဒါန်းခဲ့ ရာ ကျေးရွာကော်မတီမှ လက်ခံရ ယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန် လည်ပေးအပ်ခဲ့သည်။

သူရအောင်(ပြည်)

ကျောက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နှစ်ကျိပ်ရှစ်ဆူဘုရားများအား ဝတ်ရွတ်ပူဇော်

 

ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ကျောက်ကြီးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် ယခုလ ၆ရက် ညနေ ၄ နာရီတွင် ကျောက်ကြီးမြို့နယ် ရှင်သီဝလိခြေတော်ရာတောင်တော် မြတ်တွင် ကိန်းဝပ်စံပယ်လျက်ရှိ သော နှစ်ကျိပ်ရှစ်ဆူဘုရားများ အား မြို့ပေါ်ရပ်ကွက်ခုနစ်ရပ်ကွက် နှင့်ကျေးရွာနှစ်ရွာအပါအဝင်ကျောက် ကြီးပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးလှဘုန်းနှင့် မြို့နယ်ကော်မ တီဝင်များကသွားရောက်ပင့်ဆောင် ပြီး မြို့နယ်ပါတီရုံးတွင် ယခုလ ၆ ရက်မှ ၁၁ရက်အထိ ခြောက်ည တိုင်တိုင် လူငယ်ရေးရာ တာဝန်ခံ ဦးထွန်းမင်းလတ်နှင့်အမျိုးသမီးရေး ရာတာဝန်ခံတို့က ညစဉ်ဓမ္မစကြာ တရားတော်များနှင့် ယမန်နေ့ညနေ ၆နာရီခွဲမှစတင်ပြီး ပဋ္ဌာန်းဒေသနာ တော်များကို ဝတ်ရွတ်ပူဇော်သွား မည်ဖြစ်ကြောင်း သိရသည်။

ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း ဝေါမြို့၌ နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲ တက်ရောက်

ဝေါ မတ် ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲကို ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ်၌ ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆာင် ပညာရေးရာဌာနကြီးတာဝန်ခံ ဦးလှသိန်းနှင့် ပဲခူးတိုင်းဒေသကြီးကော်မတီဝင် ဒေါ်ခင်ခင်ဝင်း၊ ပဲခူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ကော်မတီဝင် ဦးဝင်းခိုင်နှင့် ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမောင်ယုနှင့် အတွင်းရေးမှူး ဦးသက်တိုးဝင်း၊ မြို့နယ် ကော်မတီဝင်များ၊ သင်တန်းဆရာများ၊ သင်တန်းသားသင်တန်းသူ ၅ဝ တို့ တက်ရောက်ခဲ့ကြသည်။

ဝေါမြို့၌ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲကျင်းပ

 

ဝေါ မတ် ၂၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပဲခူးတိုင်းဒေသကြီး ပဲခူး ခရိုင် ဝေါမြို့နယ်၌ ယနေ့နံနက် ၉ နာရီက နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲအခမ်းအနားကို မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။ ရှေးဦးစွာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးစောမော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင် စိုးက အဖွင့်အမှာစကား ပြောကြား သည်။ထို့နောက် ဝေါမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးမောင်ယုက သင် တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

သနပ်ပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီအခြေခံစက်ချုပ်(အခမဲ့)သင်တန်းဖွင့်

 

သနပ်ပင် မတ် ၁၈

ပဲခူးခရိုင်သနပ်ပင်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှဖွင့်လှစ်သည့် လူငယ်(ကျား/မ)များ အလုပ်အကိုင်အခွင့် အလမ်းရရှိစေရေးနှင့်မိသားစုဝင်ငွေရရှိစေရန်ရည်ရွယ်ပြီး အသက် မွေးဝမ်းကျောင်းပညာဖြစ်သည့် အဆင့်မြင့်အပ်ချုပ်စက်သင်တန်း အား ယနေ့နံနက် ၁ဝ နာရီခွဲက မြို့နယ်ပါတီရုံးခန်းမ၌ စတင် ဖွင့်လှစ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌဦးတင်မျိုးဝင်းနှင့် မြို့နယ်ကော်မတီ ဝင်များ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်သည်။
အစီအစဉ်အရ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်းနှင့် စက်ချုပ် သင်တန်းနည်းပြ (လူငယ်ရေးရာတာဝန်ခံ)ဦးဇော်ထွန်းတို့က အမှာ စကားအသီးသီးပြောကြားပြီး အခမ်းအနားအား ယနေ့နံနက် ၁၁ နာရီခွဲတွင် အောင်မြင်စွာရုပ်သိမ်း၍ သင်တန်းအား ဆက်လက် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ဖြူးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးပါတီဥက္ကဋ္ဌများ တာဝန်ပေးအပ်ခြင်းနှင့် လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

ပဲခူးတိုင်းဒေသကြီးဖြူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရပ်ကွက်ကျေးရွာအုပ်စုပါတီ ဥက္ကဋ္ဌများ တာဝန်ပေးအပ်ပွဲနှင့် လစဉ်ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် ၉နာရီခွဲက ဖြူးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးတွင်ကျင်းပခဲ့ရာ တောင်ငူခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်စိုး၊ ဖြူးမြို့နယ် ခရိုင်တာဝန်ခံဦးထွေး ကြည်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးခင်မောင်စိုး၊ဦးကိုကိုကျော် ဒုတိယဗိုလ်မှူးကြီး(ငြိမ်း)နှင့် ရပ် ကွက်ကျေးရွာအုပ်စုများမှ ယခင် စည်းရုံးရေးမှူးများ၊ တွဲဖက်စည်း ရုံးရေးမှူးများ၊ ပါတီဝင်များ စုစု ပေါင်းလူအင်အား၁၅ဝကျော်တက် ရောက်ခဲ့ကြသည်။