ဇီးကုန်ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် အောက်တိုဘာ ၆ရက် မွန်းလွဲ ၃နာရီက ဇီးကုန်းမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်အပါး ၂၅ဝအား ဇီးကုန်းမြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူ ခဲ့ ကြကြောင်း သိရသည်။

စိုးသစ္စာ၊ တင့်ဆွေ(ဇီးကုန်း)


(၁၃၅)ကြိမ်မြောက်ဝါကျွတ်ဆွမ်းကြီးလောင်းပွဲတော်တွင် ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုးမိသားစု လှူဖွယ်ပစ္စည်းများလှူဒါန်း

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးအောင်နိုင်ဦးနှင့် မြို့နယ်ပါတီဝင်များမှ ဘာသာသာသနာ ထွန်းကားပြန့်ပွားစေရန်ရည်သန်၍ သီတင်းကျွတ်       လပြည့်ကျော် ၁ ရက်နေ့ နံနက်ပိုင်းက (၁၃၅)ကြိမ်မြောက် ဝါကျွတ်ဆွမ်းကြီးလောင်းပွဲတော်တွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ် (၁၄၄)ပါးတို့အား လှူဖွယ် ပစ္စည်းများလှူဒါန်းခဲ့ကြကြောင်း သိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)

သနပ်ပင်ပြည်ခိုင်ဖြိုး မော်တာစက်ချုပ်သင်တန်းအမှတ်စဉ်(၁၁)ဖွင့်လှစ်

 

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးများလူမှုဘဝ မြှင့်တင်ရေးလုပ်ငန်းအနေဖြင့် မော်တာစက်ချုပ် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ (၁ဝ)ကြိမ်မြောက်အထိ သင်တန်းသူ ၃၅ဝ ကျော် သင်ကြားပို့ချပေးနိုင်ခဲ့ပြီး ယနေ့ မွန်းလွဲ ၁နာရီက မော်တာစက်ချုပ်သင်တန်းအမှတ်စဉ်(၁၁) သင်တန်းဖွင့်ပွဲကို မြို့နယ်ပါတီကော်မတီရုံးတွင် ဖွင့်လှစ်ခဲ့ပြီး တက်ရောက်သည့်သင်တန်းသူများ ကို မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်းက လိုအပ် ချက်များကို အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သန့်ရှင်းရေးလုပ်အားဒါနပြုလုပ်

 

ပြည်မြို့နယ်ပြခိုင်ဖြိုးပါတီမှ (၂၈.၉.၂၀၁၇) ရက်နေ့ နံနက် (၈း၀၀)အချိန်တွင် အောင်ဆန်းပြည်သာယာရပ်ကွက် အတွင်းရှိ မင်းပေါင်းစုတည်ဘုန်းကြီးကျောင်း၊သပြေရိပ်ဘုန်းကြီးကျောင်းနှင့် ရှေးဟောင်းသမိုင်းဝင်မင်းပေါင်းစုတည်စေတီတော်ကြီးတွင် သန့်ရှင်းရေးကုသိုလ် လုပ်အားဒါနကိုပြုလုပ်ခဲ့ပါသည်။

ဆက်လက်ပြီး ပဲခူးတိုင်းပြည်ခိုင်ဖြိုးပါတီဒုဥက္ကဌ ဦးအောင်ချိုဦးမှလည်း ကိုယ်တိုင်ပါဝင်လုပ်အားပေးသည့်အပြင် ပြည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သပြေရိပ်ဘုန်းကြီးကျောင်း ဆီမီးတစ်ထောင်ပူဇော်ပွဲအတွက် အလှူတော်ငွေသုံးသောင်းကျပ်၊ကုကျောင်းအကျိုးတော်ဆောင် ကိုမျိုးဟန်က ပြည်ခိုင်ဖြိုးပါတီအနေဖြင့်လှူဒါန်းခဲ့ပါသည်။

Min Ko Ko

မြို့နယ်ပြည်ခိုင်ဖြိုးနှင့်အဖွဲ့ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ချောင်းကမ်း ကြီးအုပ်စု ချောင်းကမ်းကြီးကျေးရွာတွင် ယနေ့နံနက် ၉ နာရီက အများ ပြည်သူသောက်သုံးရေကန်အား မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် မြို့နယ် ကော်မတီများ၊ ချောင်းကမ်းကြီးအုပ်စု ရပ်ကျေးစည်းရုံးရေးမှူးနှင့်အဖွဲ့ဝင် များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်းကာ အများသုံးသောက်ရေကန် အတွင်းရှိအမှိုက်သရိုက်များ၊ မြက်ပင်ချုံနွယ်များကို အင်တိုက်အားတိုက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခဲ့ကြသည်။

ရေတာရှည်ပြည်ခိုင်ဖြိုးပါတီမှ နှုတ်မူစွမ်းရည်ပြိုင်ပွဲကျင်းပ

ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို (26-9-2017) ရက်နေ့တွင် ကျင်းပရာ ကျပန်းပြိုင်ပွဲတွင် ပထမဆုကို ဦးမင်းမင်းမှ လည်းကောင်း၊ဒုတိယဆုကို ဦးသန်းနိုင်ဦး မှလည်းကောင်း၊ တတိယကို ဦးကျော်မင်းနိုင်တို့မှ ရရှိသွားကြသည်။

ဆက်လက်ပြီး အဆိုပြိုင်ပွဲတွင် ပထမဆုကို ဦးဆန်းဝင်း မှလည်းကောင်း ၊ ဒုတိဆုကို ဦးမောင်မြင့် မှလည်းကောင်း၊ တတိယဆုကို ဦးခင်မောင်ဝင်း တို့မှ အသီးသီး ရရှိသွားကြ ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ်အဆင့်နှုတ်မှုရေးရာနှင့်သီချင်းဆိုပြိုင်ပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော နှုတ်မှုစွမ်းရည်စကားပြောနှင့်သီချင်းဆိုပြိုင်ပွဲအား ယနေ့နံနက် ၁ဝ နာရီတွင် စတင်ကျင်းပခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးဖွင့်လှစ်သောအခြေခံ စက်ချုပ်သင်တန်း အမှတ်စဉ်(၁)ဆင်းပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် နတ်တလင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် ယနေ့နံနက် ၉ နာရီက အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် ၁/၂ဝ၁၇ ဆင်းပွဲအခမ်းအနား ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီတိုင်းဒေသကြီး ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ချိုဦးက သင်တန်းဆင်းအမှာစကားပြော ကြားသည်။

နတ်တလင်း ပြည်ခိုင်ဖြိုးပါတီ သန့်ရှင်းရေးပြုလုပ်၍ ကုသိုလ်ယူ

 

ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီကော်မတီဝင်များနှင့် မျိုးဆက်သစ်ပါတီဝင်လူငယ် များ စုစုပေါင်းအင်အား ၇၅ ဦးတို့သည် ယမန်နေ့ နံနက် ၈ နာရီက နတ်တလင်းမြို့နယ် သာစည်ရပ်ကွက် အိုးမြေတွင်း ခေမာသီဝံ ဘုန်းတော် ကြီးကျောင်းဝင်းအတွင်း၌ အမှိုက်များကောက်ခြင်း၊ ချုံနွယ်များ ရှင်းလင်းခြင်း၊ မြေသားချိုင့်ဝှမ်းများအား မြေဖို့ခြင်း၊ ကျောင်းတိုက်များ အတွင်းအပြင် တံမြက်စည်းလှည်းခြင်းနှင့် ကျောင်းတိုက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းစသော        လုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်ကာ ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။

ပြည်ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်

 

ပြည်တောင်တန်းတောရကျောင်းဆန်လှူအသင်းကြီး၏ ( ၃၆ )ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကြီးသို့ ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်တော် (၃၆ )အိတ်ကို ပါဝင်လှူဒါန်းခဲ့ပြီး လုပ်အားဒါနများကိုပါ အခြားအဖွဲ့အစည်းများဖြင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Moe San’