မြို့နယ်ပြည်ခိုင်ဖြိုးနှင့်အဖွဲ့ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ချောင်းကမ်း ကြီးအုပ်စု ချောင်းကမ်းကြီးကျေးရွာတွင် ယနေ့နံနက် ၉ နာရီက အများ ပြည်သူသောက်သုံးရေကန်အား မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် မြို့နယ် ကော်မတီများ၊ ချောင်းကမ်းကြီးအုပ်စု ရပ်ကျေးစည်းရုံးရေးမှူးနှင့်အဖွဲ့ဝင် များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်းကာ အများသုံးသောက်ရေကန် အတွင်းရှိအမှိုက်သရိုက်များ၊ မြက်ပင်ချုံနွယ်များကို အင်တိုက်အားတိုက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါစုပေါင်းသန့်ရှင်းရေးလုပ်ငန်းသို့ ချောင်းကမ်းကြီးအုပ်ချုပ် ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ချောင်းကမ်းကြီးကျေးရွာမှ ပြည်သူများအင်အား ၁ဝဝခန့် လာရောက်စုပေါင်းလုပ်အားပေးခဲ့ကြောင်းနှင့် စုပေါင်းလုပ်အား ပေးဆောင်ရွက်ခြင်းအား ယနေ့နံနက် ၁ဝ နာရီခွဲအထိ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

စိုးသစ္စာ၊တင့်ဆွေ