ပါတီဗဟိုအတွင်းရေးမှူး ဦးဆောင်သော မြန်မာ့ချစ်ကြည်ရေးကိုယ်စာလှယ်အဖွဲ့ မြစိမ်းရောင်စီမံကိန်းပြပွဲသို့ တက်ရောက်လေ့လာ

 

တရုတ်ကွန်မြူနစ်ပါတီ(CPC)ရဲ့ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသော ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးသန်းထွန်း ဦးဆောင်သော မြန်မာ့ချစ်ကြည်ရေးကိုယ်စာလှယ်အဖွဲ့သည် ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၆)ရက်နေ့ နံနက်(၀၉း၀၀)နာရီချိန် IDCPC မှကြီးမှူးကျင်းပသော မြစိမ်းရောင်စီမံကိန်းပြပွဲသို့ တက်ရောက်ကာ Fujian ပြည်နယ်ရဲ့ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ထားမှု အခြေအနေများ လေ့လာခဲ့သည်။

ယင်းနောက် မွန်းလွဲ(၀၂း၀၀)နာရီချိန်တွင် ပေကျင်းမြို့ရှိ အမျိုးသားပြတိုက်အား လည့်ပတ်ကြည့်ရှုရာ ကိုယ်စာလှယ်အဖွဲ့မှ သိရှိလိုတာများအား မေးမြန်ခဲ့ကြသည်။

#naylinnhtun