ကျောက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ်အဆင့်နှုတ်မှုရေးရာနှင့်သီချင်းဆိုပြိုင်ပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော နှုတ်မှုစွမ်းရည်စကားပြောနှင့်သီချင်းဆိုပြိုင်ပွဲအား ယနေ့နံနက် ၁ဝ နာရီတွင် စတင်ကျင်းပခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာသူများမှ နိုင်ငံတော်အလံအားအလေးပြုပြီး နိုင်ငံတော်သီချင်းဆို ဖွင့်လွှစ်၍ တိုင်းပါတီဥက္ကဋ္ဌဦးစောမော်ထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်       မြို့နယ်ပါတီဥက္ကဋ္ဌကိုယ်စား မြို့နယ်ပါတီအတွင်းရေးမှူးဦးဝင်းနိုင်ဦးက ဆက်လက်ပြောကြားရာတွင် ယနေ့ကျင်းပသော အခမ်းအနားအစီအစဉ်များအား အကဲဖြတ်ဒိုင်များဖြင့် စီစဉ် ဆောင်  ရွက် လျက်ရှိကြောင်း၊ ယခုကဲ့သို့ ကျင်းပခွင့်ရရှိအောင် စီစဉ်ဆောင်ရွက်ပေးပါသော တိုင်း၊ ခရိုင် အဆင့်ဆင့် တာဝန်ရှိသူများအား မြို့နယ်ကိုယ်စား ကျေးဇူးတင်ဂုဏ်ယူ ဝမ်းမြောက်မိ       ပါကြောင်း ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တိုင်းပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ တိုင်း ကော်မတီဝင် ဦးအောင်နိုင်၊ ဦးအောင်နိုင်ဝင်းနှင့် ကျောက်ကြီးမြို့နယ်တာဝန်ခံ ဦးကျော်ဌေး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးတင်စိုးနှင့် တိုင်း၊ ခရိုင်၊ ကော်မတီဝင်များ တက်ရောက်အားပေးခဲ့ကြပြီး ကျောက်ကြီးမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ပါတီဝင် ၄၅ ဦးနှင့်ဖိတ်ကြားထားသူ အကဲဖြတ်ဒိုင်များလည်း တက်ရောက် ခဲ့ သည်။ အခမ်းအနားအား မွန်းလွဲ ၁နာရီတွင် ဆက်လက်ကျင်းပရာ နှုတ်မှုစွမ်းရည်ပြိုင်ပွဲ အနိုင် ရရှိသူများနှင့် အဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိမှုများကို အသီးသီးပေးအပ် ချီးမြင့်ကာ အဆိုပါအခမ်းအနားအား မွန်းလွဲ ၂ နာရီခွဲတွင် ကျင်းပပြီးစီးကြောင်း သိရသည်။

ခိုင်ကြီး(ကျောက်ကြီး)