လာမည့်ရွေးကောက်ပွဲမှာ ပထမအကြိမ်မဲပေးမည့် First Voters များအား ကျောက်ဖြူပြည်ခိုင်ဖြိုး တွေ့ဆုံ

လာမည့်ရွေးကောက်ပွဲမှာ ပထမအကြိမ်မဲပေးကြရမည့် First Voters များဖြစ်ကြသည့် လူငယ်များအား ကျောက်ဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲကို ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျောက်ဖြူမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံပွဲတွင် ပါတီတာဝန်ရှိသူများက ကိုယ်စားလှယ်လောင်း ရွေးချယ်တင်မြှောက်ခြင်းကိစ္စနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးဟော ပြောပြီး လာမည့်ရွေးကောက်ပွဲ၏ PR စနစ်အကြောင်းကိုလည်း ပညာပေးဟောပြောခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူ First Voters လူငယ်များမှ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် သိရှိလိုသည်များ အား မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်ကော်မတီဝင် ဦးထွန်းမင်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြလင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး နှင့် မြို့နယ်ကော်မတီဝင်များ တက်ရာက်ခဲ့ကြသည်။