ပါတီစည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင် ကျောက်တန်းပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် တွေ့ဆုံ

ရန်ကုန် မေ ၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် စည်းကမ်းထိန်းသိမ်းရေး ဌာနကြီးမှ ပါတီဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်းနှင့် အဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီတွင် ကျောက်တန်းမြို့နယ် ပါတီရုံး၌ ကျောက်တန်း မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုး၊ ဦးတင်မောင်ဝင်း၊ ဒေါက်တာနေလင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးခင်မောင်တင့်၊ ခရိုင်ဥက္ကဋ္ဌ ဦးလွင်ဦးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီကော်မတီဝင်များနှင့် ရပ်မိရပ်ဖများ၊ ပါတီဝင်များ စုစုပေါင်း အင်အား ၁ဝဝ တက်ရောက်ကြကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ပါတီစည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင်နှင့် အဖွဲ့ဝင်များသည် ၂ဝ၂ဝ ပါတီ အောင်နိုင်ရေး လုပ်ငန်းစဉ်များကို တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။ ဆက်လက်၍ ကျောက်တန်းမြို့နယ် ပါဒကြီးကျေးရွာတွင် ပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။ထိန်ဝင်း(YGN)