ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း ဆွေးနွေး

 

ရေကြည် မေ ၆

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ပြည်ထောင်စု ကံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးမှ ကြီးမှူးပြီး မြို့နယ်ပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉နာရီတွင် ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြုလုပ်ကြောင်း သိရသည်။

ကြိုတင်ညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်သန်းက ရေကြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ခန်းမတွင် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ရေနွေးကြမ်း စကားဝိုင်းကို ယခုလ ၉ ရက် မွန်းလွဲ ၂ နာရီတွင် တွေ့ဆုံမည်ဖြစ်သည့်အတွက် မြို့နယ်ပါတီ ကော်မတီဝင်များနှင့် နယ်မြေတာဝန်ခံများကို ဖိတ်စာနှင့်အတူ မိတ်ဖက်ပါတီများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ပြည်ခိုင်ဖြိုးပါတီကို ဝန်းရံသူများအား ဖိတ်ကြားရန် မှာကြားခဲ့ကြောင်း သိရသည်။  ဆန်းတင့်(ရေကြည်)