ဟင်္သာတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နှမ်းမနဲထိုးပြိုင်ပွဲကျင်းပ

ပြည်ထောင်စုနေ့ကို ဂုဏ်ပြု သောအားဖြင့် ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ ကြီးမှူး၍ ဒုတိယ အကြိမ်မြောက် တိုက်နယ်ပေါင်းစုံ နှမ်းမနဲထိုးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ကျင်းပရာ တိုက်နယ်ကိုယ်စားပြု ၁၃ ဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာ တစ်ဖွဲ့၊ အမှတ်(၅၇ဝ)အနှေးယာဉ်လုပ်သား များမှ တစ်ဖွဲ့ စုစုပေါင်း ၁၅ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ကြသည်။
ဒိုင်ချုပ်အဖြစ် ပါတီဗဟိုကော် မတီဝင် ဦးခင်မောင်ရီက ဆောင် ရွက်ပြီး ဒိုင်အဖွဲ့ဝင်များအဖြစ် ခရိုင်ပါတီအတွင်းရေးမှူး ဦးချစ် ဝင်းနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့မိမြို့ဖများက ဆောင်ရွက်ခဲ့ သည်။ထို့နောက် ဆုများကိုတာဝန် ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး ညနေ ၅ နာရီတွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ဟင်္သာတ)