ဗဟိုကော်မတီဝင် /တိုင်းဒေသကြီး ပါတီဒုတိယဥက္ကဌ မြို့နယ်နှင့်ရပ်ကွက် ကျေးရွာအုပ်စုများမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံ

ပေါင်းတည် နိုဝင်ဘာ ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးအောင်ချိုဦးသည် ဗဟိုကော်မ တီဝင်/တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်ထားထားနု၊ ပြည်ခရိုင်ပါတီဥက္ကဌ ဦးအောင်ဇော်ဌေး၊ ပြည်ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ လိုက်ပါ၍ ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးသို့ ယမန်နေ့နံနက်ပိုင်းက ရောက်ရှိလာခဲ့ကြပါသည်။

ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) ၂/ ၂၀၁၇ ဖွင့်လှစ်

ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း ၂/၂၀၁၇ ကို နိုင်ငံတော် သီချင်းဖြင့် (7-11-2017) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း ၂/၂၀၁၇ တွင် တောင်ငူခရိုင် ပါတီဥက္ကဋ္ဌ ဦးတင်စိုးက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ နိုင်ငံရေးစီမံခန်ခွဲမှု(ဆင့်ပွား)သင်တန်း ၂/၂၀၁၇ သင်တန်းသား များအား နံနက်စာ ကောက်ညှင်းပေါင်း ငါးခြောက်မီးကင်နှင့် ပဲပြုတ် ၊ ကော်ဖီနှင့် မုန့်များဖြင့် ဧည့်ခံကျွေးမွေး ခဲ့ပါသည်။

ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

ဇီးကုန်း နိုဝင်ဘာ ၎

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမဆောင်တွင် ယမန်နေ့ နံနက် ၉ နာရီက ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသော လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို တိုင်းဒေသကြီး ပါတီဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်ထားထားနု၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးသန်းဇော်ထွန်းတို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲကျင်းပပြုလုပ်

ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲကို (၂၅.၁၀.၂၀၁၇) ရက်နေ့တွင် ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း ၊ ဗဟိုကော်မတီဝင် ဒေါ်နီနီမာ ၊ ဌာနမှူး ဦးကျော်သူရ (ပညာရေးရာဌာန) တို့နှင့် တိုင်း ကော်မတီဝင် ၊ ခရိုင်ကော်မတီဝင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

(27.10.2017) သောကြာနေ့

ပဲခူးတိုက်းဒေသကြီး(အနောက်ပိုင်း)  ပြည်မြို့ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၀၆ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင် ပါတီကော်မတီဝင်များ ၊ မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် လှူဖွယ် ပစ္စည်းများနှင့် ဆရာတော်သံဃာတော်များအား လောင်းလှူပူဇော်ခဲ့ပါသည်။

DuWonKyal

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၈) မြို့နယ်ပါတီတွေ့ဆုံပွဲကျင်းပ

27.10.2017 – သောကြာနေ့

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပပြုလုပ်သော ပဲခူးခရိုင် (၈) မြို့နယ် ပါတီတွေ့ဆုံပွဲအား ယနေ့ 27-10-2017 ရက်နေ့ သောကြာနေ့ နံနက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
၎င်းအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေး ၊ ဗဟိုအလုပ် အမှုဆောင် ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးစောမော်ထွန်းတို့ တက်ရောက်ပြီး ပဲခူးခရိုင် ၈ မြို့နယ် မှ မြို့နယ်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ မီဒီယာတာဝန်ခံများနှင့် မြို့နယ်ကော်မတီဝင်များအား ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ၊ ပါတီမူဝါဒများနှင့် မီဒီယာလုပ်ငန်းဆိုင်ရာများကို အပြန်အလှန် တိုင်ပင်ဆွေးနွေးခဲ့ကြပါ သည်။

သနပ်ပင်ပြည်ခိုင်ဖြိုးပါတီ နှုတ်မှုစွမ်းရည် ပြိုင်ပွဲဆုချီးမြှင့်

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှကျင်းပသည့် နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့က သနပ်ပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပရာ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်စိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်များတက်ရောက်ကြသည်။

ပြိုင်ပွဲတွင် ဆုရရှိသူများကို ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းနှင့် ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုးတို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လပါတ် အစည်းအဝေးပွဲ ကျင်းပ

 

ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လပါတ် အစည်းအဝေးပွဲကို (၁၅.၁၀.၂၀၁၇) ရက်နေ့တွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးပွဲတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူး ၊ ဘဏ္ဍာရေးမှူးနှင့် မြို့နယ်ကော်မတီ နယ်မြေတာဝန်ခံများက တက်ရောက်လာကြသော ပါတီခေါင်းဆောင်များနှင့်ရှေ့ဆက်လုပ်ဆောင် သွားမည့် ပါတီရေးရာလုပ်ငန်းစဉ်များကို ရင်းရင်းနှီးနှီး ဆွေးနွေး ညှိနှိုင်း ခဲ့ကြပါသည်။

ပါတီဗဟိုအလုပ်အမှုဆောင် စက်ချုပ်သင်တန်းသားများအား တွေ့ဆုံအားပေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ပညာရေးရာဌာနကြီးတာဝန်ခံ ဦးလှသိန်း၊ ဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးစောမော်ထွန်း၊ ခရိုင်ပါတီ ဥက္ကဋ္ဌဦးအောင်စိုး နှင့်ကော်မတီဝင်များသည် ယမန်နေ့နံနက် ၁ဝ နာရီက သနပ်ပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှဖွင့်လှစ်သော မော်တာအပ်ချုပ်စက်(အခမဲ့)သင်တန်းအမှတ်စဉ် ၁၁/၂ဝ၁၇ ၌ တက်ရောက်သင်ကြား နေကြသော သင်တန်းသားများအား တွေ့ဆုံအားပေးခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် ပဲခူးအမျိုးသားတန်းမြင့်ကျောင်းမြတ်ဆရာပူဇော်ပွဲတက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်သည် ယမန်နေ့ နံနက် ၁ဝ နာရီတွင် ပဲခူးမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း (အမျိုးသားတန်းမြင့်ကျောင်း) ဝိုင်အမ်ဘီအေခန်းမဆောင်၌ ကျင်းပသော ၁၉၆၁-၁၉၆၂၊ ၁၉၆၂-၁၉၆၃၊ ၁၉၆၃-၁၉၆၄၊ ၁၉၆၄-၁၉၆၅ တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူ ဟောင်းများ၏  နဝမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲနှင့် ပြန်လည်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် အားပေးချီးမြှောက်ပူဇော်ပြီး ငယ်စဉ်တောင်ကျေးကျောင်းသားဘဝတုန်းက အမှတ်တရ            အောက်မေ့ဖွယ် စကားများကို ပြောကြားခဲ့သည်။