ပါတီဗဟိုအလုပ်အမှုဆောင် စက်ချုပ်သင်တန်းသားများအား တွေ့ဆုံအားပေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ပညာရေးရာဌာနကြီးတာဝန်ခံ ဦးလှသိန်း၊ ဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးစောမော်ထွန်း၊ ခရိုင်ပါတီ ဥက္ကဋ္ဌဦးအောင်စိုး နှင့်ကော်မတီဝင်များသည် ယမန်နေ့နံနက် ၁ဝ နာရီက သနပ်ပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှဖွင့်လှစ်သော မော်တာအပ်ချုပ်စက်(အခမဲ့)သင်တန်းအမှတ်စဉ် ၁၁/၂ဝ၁၇ ၌ တက်ရောက်သင်ကြား နေကြသော သင်တန်းသားများအား တွေ့ဆုံအားပေးခဲ့သည်။

မြို့နယ်ပါတီဥက္ကဋ္ဌဦးတင်မျိုးဝင်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ဗဟိုအလုပ် အမှုဆောင်ဦးလှသိန်းနှင့် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးစောမော်ထွန်းတို့က အမှာစကားအသီးသီးပြောကြား သည်။ ထို့နောက် သင်တန်းသားများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး သင်တန်းသားများနှင့် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

တင်မျိုးဝင်း(သနပ်ပင်)