ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် ပဲခူးအမျိုးသားတန်းမြင့်ကျောင်းမြတ်ဆရာပူဇော်ပွဲတက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်သည် ယမန်နေ့ နံနက် ၁ဝ နာရီတွင် ပဲခူးမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း (အမျိုးသားတန်းမြင့်ကျောင်း) ဝိုင်အမ်ဘီအေခန်းမဆောင်၌ ကျင်းပသော ၁၉၆၁-၁၉၆၂၊ ၁၉၆၂-၁၉၆၃၊ ၁၉၆၃-၁၉၆၄၊ ၁၉၆၄-၁၉၆၅ တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူ ဟောင်းများ၏  နဝမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲနှင့် ပြန်လည်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် အားပေးချီးမြှောက်ပူဇော်ပြီး ငယ်စဉ်တောင်ကျေးကျောင်းသားဘဝတုန်းက အမှတ်တရ            အောက်မေ့ဖွယ် စကားများကို ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကန်တော့ခံဆရာကြီးဦးမြင့်ဦး(၉၅နှစ်)နှင့် ဆရာမကြီး ဒေါ်ခင်ပြုံး(၉၃နှစ်)တို့နှင့်အတူ ၁၉၆၁-၁၉၆၂၊ ၁၉၆၂-၁၉၆၃၊ ၁၉၆၃-၁၉၆၄၊ ၁၉၆၄-၁၉၆၅ ခုနှစ်များမှ တက္ကသိုလ်ဝင်တန်းကျောင်းသားကျောင်းသူဟောင်း စုစုပေါင်း ၄ဝ ခန့် တက်ရောက်ကြသည်။
ရှေးဦးစွာ မြတ်ဆရာပူဇော်ပွဲအခမ်းအနားတွင် ကန်တော့ခံဆရာကြီးဦးမြင့်ဦးနှင့် ဆရာမကြီး ဒေါ်ခင်ပြုံးတို့က ဆုံးမသြဝါဒစကားများပြောကြားပြီး ဗဟိုဦးဆောင်ကော် မတီဝင်သူရဦးအေးမြင့်က ကန်တော့ခံဆရာကြီး ဦးမြင့်ဦးအတွက် ပူဇော်ကန်တော့ ငွေကျပ်ငါးသိန်းနှင့်ဆရာမကြီးဒေါ်ခင်ပြုံးအတွက် ပူဇော်ကန်တော့ငွေကျပ်ငါးသိန်းတို့ကို လည်းကောင်း၊ ကျောင်းအုပ်ဆရာကြီး  ဟောင်းဦးသန့်ဖောင်ဒေးရှင်းအတွက်အလှူငွေကျပ် ၁ဝသိန်းကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပြီး ဆက်လက်၍ ကျောင်းသားကျောင်း သူဟောင်းများက လှူဒါန်းငွေကျပ်သိန်း ၃ဝ ခန့်အား လှူဒါန်းကြကြောင်း သိရသည်။

အေးဇေယျာ