ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲသို့ ဗဟိုအလုပ်​အမှု​ဆောင်​၊ မ​ကွေးတိုင်း​ဒေသကြီးပါတီဥက္ကဌ တက်​​ရောက်​၍ ကြိုဆိုနှုတ်​ခွန်းဆက်​စကား​ပြောကြား

မင်းဘူး(စကု)​၊ သြဂုတ်​၊ ၂၂

ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနားကို ယ​နေ့ မွန်းလွဲ ၂နာရီ အချိန်​တွင်​ မ​ကွေးတိုင်း​ဒေသကြီး‌ မ​င်းဘူး​ခရိုင်​၊ ​မင်းဘူး(စကု)မြို့နယ်​ ကုလားပါး​​ကျေးရွာ၌ ကျင်းပပြုလုပ်​ရာ အခမ်းအနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအလုပ်​အမှု​ဆောင်​၊ မ​ကွေးတိုင်း​ဒေသကြီးပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ အတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်၊ ​တိုင်းပါတီ​ကော်​မ‌တီဝင်​များဖြစ်​ကြ​သော ဦးဟန်​​မောင်​၊ ‌ဦး​စောဝင်း​မောင်​၊ ဦး​ကျော်​သူဦး၊ ဦး​အောင်​နိုင်​၊ မင်းဘူးခရိုင်​ပါတီအတွင်း​ရေးမှူး ဦးစိန်​​ရွှေမင်းနှင့် ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ မြို့နယ်​ပါတီဥက္ကဌ ဦး​ကျော်​ဝင်းမြင့်​၊ အတွင်း​ရေးမှူး ​ဒေါ်စပယ်​မင်းနှင့် မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ရပ်​​ကျေးပါတီဥက္ကဌများ၊ ပါတီဝင်​အသစ်​ ၃၀၀ ဦး အပါအဝင်​ စုစု​ပေါင်းအင်​အား ၄၅၀ ဦးခန့်​ တက်​​ရောက်​ခဲ့ကြပါသည်​ ။
အခမ်းအနားကို နိုင်​ငံ​တော်​အလံအ​လေးပြုခြင်း၊ နိုင်​ငံ​တော်​သီချင်းသီဆိုခြင်းတို့ဖြင့်​ ဖွင့်​လှစ်​ခဲ့ပါသည်​။ ပါတီဝင်​အဆိုပြုလွှာများအား ​ကျေးရွာပါတီဥက္ကဌ ဦးဝင်း မှ ​ပေးအပ်​ရာ နယ်​​မြေတာဝန်​ခံ၊ မြို့နယ်​​ကော်​မတီဝင်​ ဦး​သောင်းဟန်​မှ လက်​ခံရယူပြီး ပါတီဝင်​​ကြေးများအား မြို့နယိအရံ​ကော်​မတီဝင်​ ဦး​ဌေး​မောင်​မှ ​ပေးအပ်​ရာ မြို့နယ်​တွဲဘက်​ဘဏ္ဍာ​ရေးမှူး ဦးစိုးလွင်​မှ ​​လက်​ခံ ရယူခဲ့ပါသည်​။ ‌ပါတီဝင်များကိုယ်စား​​ ​ဒေသခံပြည်​သူ ဦးညွန့်​ဝင်း မှပြည်​ခိုင်​ဖြိုးပါတီသို့ ဝင်​​ရောက်​လာရခြင်းနှင့်​ပတ်​သက်​၍ ရှင်းလင်းတင်​ပြခဲ့ပြီး မ​ကွေးတိုင်း​ဒေသကြီးပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေးနှင့်တိုင်းပါတီ​ကော်​မတီဝင်​များဖြစ်​ကြ​သောဦး​ကျော်​သူဦး၊ ဦး​အောင်​နိုင် တို့မှ ကြိုဆိုနှုတ်​ခွန်းဆက်​စကား​ပြောကြားခဲ့ကြပါသည်​။ ဆက်​လက်​၍ တိုင်းပါတီ​ကော်​မတီဝင်​ ဦးဟန်​​မောင်​မှ ပါတီမူဝါဒနှင့်​ လုပ်​ငန်းစဉ်​များ ရှင်းလင်းခဲ့ပြီး ပါတီဝင်​အသစ်​များအား ရင်​ထိုးတံဆိပ်​တပ်​ဆင်​​ပေးခြင်းများ ​ဆောင်​ရွက်​ကြကာ မွန်းလွဲ ၃ နာရီခွဲ‌အချိန်​တွင်​ အခမ်းအနားပြီး​မြောက်​ခဲ့​ကြောင်း သိရသည်​။

‌မင်း​ဇော်