ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

 

ရန်ကုန် စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင် မောင်စိုးနှင့် ခရိုင်နှင့်မြို့နယ်ပါတီ ဥက္ကဋ္ဌများ တွေ့ဆုံညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပါတီကော် မတီရုံးတွင် ကျင်းပကြောင်း သိရ သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေး သို့ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ပါတီဗဟိုကော် မတီဝင်များ၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ် ပါတီဥက္ကဋ္ဌများ တက်ရောက်ကြ သည်။

အစီအစဉ်အရ ပါတီဗဟိုကော် မတီဝင် တိုင်းဒေသကြီးပါတီကော် မတီအတွင်းရေးမှူး ဦးသာဝင်းက ယနေ့အစည်းအဝေးတွင် ပါတီ ဗဟိုဌာနချုပ်မှ လမ်းညွှန်ထား သည့် လုပ်ငန်းစဉ်များကို ချပြ ဆွေးနွေးပြီး မြို့နယ်ပါတီဥက္ကဋ္ဌ များက စက်တင်ဘာလအတွင်းဆောင်ရွက်ရမည့်ကိစ္စများဆောင် ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြကြရန် ပြောကြားသည်။

ဆက်လက်၍ ပါတီဗဟိုကော် မတီဝင်ဦးတင်မောင်ဝင်းက ပါတီ စည်းကမ်းထိန်းသိမ်းရေးနှင့်အမျိုး သားရေးကိစ္စများကို ဆွေးနွေး သည်။ ထို့နောက် တိုင်းဒေသကြီး ပါတီကော်မတီဝင်များက ရေးရာ အလိုက်ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များကို ချပြဆွေးနွေးကြပြီး ခရိုင်လေးခရိုင်မှပြန်လည်ဆွေးနွေး ချက်များကို တိုင်းဒေသကြီးပါတီ အတွင်းရေးမှူးဦးသာဝင်းက ပြန် လည်ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်ပါတီ ဥက္ကဋ္ဌများက သိရှိလိုသည်များကို မေးမြန်းကြသည်။

ထို့နောက်ပါတီဗဟိုအလုပ် အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက နိဂုံး ချုပ်အမှာစကားပြောကြားရာတွင် ပါတီစည်းရုံးရေးလုပ်ငန်းများ၊ ပါတီနှစ်စဉ်ကြေးကောက်ခြင်းလုပ် ငန်းများသည် ပါတီရှင်သန်ရေး အတွက် အရေးပါသောလုပ်ငန်း များဖြစ်ကြောင်း၊ သင်တန်းများဖွင့် လှစ်ရန်လိုအပ်ကြောင်း၊ မိမိတို့ ပါတီဝင်များသည် အတိုက်အခံ စိတ်ဓာတ်ရှိရန်လိုအပ်တိုင်း ခရိုင် မြို့နယ် ခေါင်းဆောင်များသည် ပြည်သူရှေ့ထွက်ပြီး ဟောပြောရဲသူ များဖြစ်ရန်လိုကြောင်း၊၂ဝ၂ဝမတိုင် မီလူငယ်များပါဝင်လာရန် စည်းရုံး ဆောင်ရွက်ကြဖို့လိုအပ်ကြောင်း၊ လက်ရှိတိုင်းပြည်၏လုံခြုံရေးစီးပွား ရေး နိုင်ငံရေးအခြေအနေများကို ပြည်သူများ သိရှိစေရန်ဆောင်ရွက် ကြရန်လိုနေပြီဖြစ်ကြောင်း၊ ကော် မတီဝင်များအချင်းချင်း စည်းလုံး ညီညွတ်ကြရန်လိုအပ်ကြောင်း၊ပါတီ အောင်နိုင်ရေးလုပ်ငန်းများသည် ပါတီဝင်တိုင်းတွင်တာဝန်ရှိ၍ ဝိုင်း ဝန်းပံ့ပိုးပေးကြရန်လိုအပ်ကြောင်း မှာကြားပြီး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိ ရသည်။

ထိန်ဝင်း(YGN)