သနပ်ပင်ပြည်ခိုင်ဖြိုးပါတီ နှုတ်မှုစွမ်းရည် ပြိုင်ပွဲဆုချီးမြှင့်

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှကျင်းပသည့် နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့က သနပ်ပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပရာ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်စိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်များတက်ရောက်ကြသည်။

ပြိုင်ပွဲတွင် ဆုရရှိသူများကို ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းနှင့် ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုးတို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။