ဖြူးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးပါတီဥက္ကဋ္ဌများ တာဝန်ပေးအပ်ခြင်းနှင့် လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

ပဲခူးတိုင်းဒေသကြီးဖြူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရပ်ကွက်ကျေးရွာအုပ်စုပါတီ ဥက္ကဋ္ဌများ တာဝန်ပေးအပ်ပွဲနှင့် လစဉ်ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် ၉နာရီခွဲက ဖြူးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးတွင်ကျင်းပခဲ့ရာ တောင်ငူခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်စိုး၊ ဖြူးမြို့နယ် ခရိုင်တာဝန်ခံဦးထွေး ကြည်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးခင်မောင်စိုး၊ဦးကိုကိုကျော် ဒုတိယဗိုလ်မှူးကြီး(ငြိမ်း)နှင့် ရပ် ကွက်ကျေးရွာအုပ်စုများမှ ယခင် စည်းရုံးရေးမှူးများ၊ တွဲဖက်စည်း ရုံးရေးမှူးများ၊ ပါတီဝင်များ စုစု ပေါင်းလူအင်အား၁၅ဝကျော်တက် ရောက်ခဲ့ကြသည်။

အစီအစဉ်အရ နိုင်ငံတော်အလံ ကိုအလေးပြု၍ နိုင်ငံတော်သီချင်း သီဆိုကာ အခမ်းအနားကို စတင် ဖွင့်လှစ်ခဲ့ကြပြီး တောင်ငူခရိုင်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားခြင်းဦးကိုကိုကျော် (ဒုတိယဗိုလ်မှူးကြီး-ငြိမ်း)က ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံအထွေထွေရွေး ကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိရေးနှင့် မြို့နယ်ဖွံ့ဖြိုးရေး စည်းရုံးရေးလုပ်ငန်းများကိုရှင်းလင်း ပြောကြားခြင်းများပြုလုပ်ပြီးတောင်ငူ ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌတို့က ဒေသအလိုက်ရပ်ကွက် ကျေးရွာအုပ်စုများအား ပါတီဥက္ကဋ္ဌ တာဝန်ပေးခန့်အပ်လွှာများကို ပေး အပ်ခဲ့ရာ ရပ်/ကျေးဥက္ကဋ္ဌများက လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ် သက်၍ ပြန်လည်ဆွေးနွေးခဲ့ကြ သည်။

ဆက်လက်၍ ဖြူးမြို့နယ်ပြည် ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးခင်မောင်စိုးကမြို့နယ်ပါတီ ၏လှုပ်ရှားဆောင်ရွက်မှုအခြေအနေ များကို ရှင်းလင်းတင်ပြဆွေးနွေး ကာ နိဂုံးချုပ်အမှာစကားပြောကြား ပြီး အခမ်းအနားကို နံနက် ၁၁ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်း ခဲ့သည်။

ကျော်ဆွေဝင်း(ရွှေအင်း)