ဗဟိုအတိုင်ပင်ခံ ဒေသအကျိုးပြုလုပ်ငန်းများအား ကြည့်ရှုအားပေး

 

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ဇီးကုန်းမြို့နယ်၌ ယမန် နေ့ မွန်းလွဲ ၃နာရီခွဲတွင် ပြည်ခိုင် ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံသီရိပျံချီ ဦးဥာဏ်ဝင်းနှင့်တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦးထူးခိုင်နှင့် မြို့နယ်ကော်မတီဝင်များ လိုက်ပါ လျက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဗဟိုအတိုင်ပင်ခံနှင့်အဖွဲ့သည် ရှေးဦးစွာ ဇရပ်လှကျေးရွာရှိ ပြန် လည်တည်ဆောက်နေသောတံတား သစ်တည်ဆောက်မှုအား ကြည့်ရှု အားပေးကာ ဒေသခံပြည်သူများ အား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ဒေသအကျိုးဆောင်ရွက်နေမှုတို့ကို ရှင်းလင်းခဲ့သည်။

ထို့နောက်တည်ဆောက်ပြီးစီး သွားသော ဖောင်တင်ရွာချောင်းကူး တံတားကို ဆက်လက်ကြည့်ရှုအား ပေးပြီး တံတားသစ်ရေရှည်တည် တံ့ခိုင်မြဲစေရန်ကျေးရွာလူကြီးများ မှ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် ပေးရန်မေတ္တာရပ်ခံခဲ့သည်။ တစ် ဆက်တည်းပင်ဇီးကုန်းမြို့(၃)ရပ် ကွက်ရှိ မိုလ်းကောင်းကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများလှူဒါန်းလျက်၊ ကျောင်းတိုက်ရှိ ပရဟိတပညာဒါန အား ဆရာတော်စောင့်ရှောက်မှုနှင့် ပညာသင်ကြားနေသောတက္ကသိုလ် ဝင်တန်း သားငယ်သမီးငယ်များ အား နှုတ်ဆက်အားပေးစကားပြော ကြားပေးပြီး တိုးတက်အောင်မြင် ကြီးပွားကြစေကြောင်း ဆုတောင်း ပေးခဲ့သည်ဟု သိရသည်။

ထိုက်ထိုက်(ဇီးကုန်း)