ရုတ်တရက်သေဆုံးသွားသော ကီးဘုတ်ဆရာအတွက် ကျန်ရစ်သူမိသားစုအား ပြည်ခိုင်ဖြိုးပါတီမှထောက်ပံ့ငွေပေးအပ်

 

ပဲခူးခရိုင် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာလှုပ်ရှားမှု တတိယ အကြိမ် ထမနဲထိုးပြိုင်ပွဲတွင် လာရောက်တီးခတ်ဖျော်ဖြေပေးသော ကီးဘုတ်ဆရာ ကိုဝင်းလွင်သည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီကျော်က ထမင်းစားပြီး ခေတ္တအနားယူနေစဉ် ရုတ်တရက်သေဆုံးသွားခဲ့သည်။

ရုတ်တရက်သေဆုံးသွားသော ကီးဘုတ်ဆရာကိုဝင်းလွင်၏ နာရေးကိစ္စဆောင်ရွက်နိုင်ရန် ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးစောမော်ထွန်းနှင့် တိုင်းကော်မတီဝင်များက ကျန်ရစ်သူ မိသားစုနေထိုင်ရာ ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် ဂန္ဓမာလမ်း နေအိမ်သို့ ထောက်ပံ့ငွေများသွား ရောက်ပံ့ပေးသည့်အပြင် ပဲခူးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ များကလည်း ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုး(ပဲခူး)