ရှမ်းပြည်နယ်တွင် နှစ်ရက်ဆက်တိုက် ငလျင်လှုပ်ခတ် ယနေ့နံနက်ပိုင်းတွင်လည်း မိုင်းပြင်းမြို့အား ဗဟိုပြု၍ ငလျင်လှုပ်သွား

ရှမ်းပြည်နယ်တွင် နှစ်ရပ်ဆက်တိုက် မြေငလျင်များလှုပ်ခတ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက်(ယနေ့) နံနက်ပိုင်းကလည်း မိုင်းပြင်းမြို့အားဗဟိုပြု၍ အင်အား အနည်းငယ်ရှိသည့် မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ယနေ့နံနက် ၇ နာရီ ၃၀ မိနစ် ၁၆ စက္ကန့်က မိုင်းပြင်းမြို့၏ အရှေ့မြောက်ဘက်(၁၈)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၂၁ ဒသမ ၄၈)ဒီဂရီ၊အရှေ့ လောင်ဂျီတွဒ် (၉၉ ဒသမ ၂၆)ဒီဂရီ၊အနက်(၁၀) ကီလိုမီတာအားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလကထုတ်ပြန်ခဲ့သည်။

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲအား လူဦးရေအကန့်အသတ်မရှိ လက်ခံမည်ဟုဆို

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) ဖြေဆိုရန်လျှောက်လွှာတင်ခြင်းကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ပြီး ယခုနှစ်တွင် လူဦးရေအကန့်အသတ်မရှိ လက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) ထံမှ သိရသည်။

အဆိုပါစာမေးပွဲကို ရန်ကုန်နှင့်မန္တလေးမြို့များ၌ ဇူလိုင် ၂ ရက်တွင်ကျင်းပသွားမည်ဖြစ်ပြီး စားမေးပွဲ လျှောက်လွှာ တင်ခြင်းအား လာမည့်ဖေဖော်ဝါရီ ၂၁ ရက်မှစတင်ကာ Level အလိုက် လျှောက်ထားနိုင်မည်ဖြစ်ကြောင်းသိရသည်။

ဂျပန်နိုင်ငံမှ မြန်မာလုပ်သား ၆၀၀ ကျော်အတွက် အလုပ်ကမ်းလှမ်း

ဂျပန်နိုင်ငံမှ မြန်မာလုပ်သား ၆၀၀ ကျော်အတွက် အလုပ်ကမ်းလှမ်းထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ယနေ့ (ဖေဖော်ဝါရီ ၁၅) ရက်တွင် အသိပေးလာသည်။

ဂျပန်နိုင်ငံမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ အတွင်းပေးပို့ထားသည့် အလုပ်ကမ်းလှမ်းစာ (၂၄၆)ခုဖြင့် မြန်မာလုပ်သား (၆၀၀) ကျော်ကို အလုပ်ကမ်းလှမ်းထားခြင်းဖြစ်ပြီး ခေါ်ယူသည့် ကုမ္ပဏီများ၏ အချက်အလက်များအား စစ်ဆေးပြီးဖြစ်သည်ဟု ဆိုသည်။

လျှပ်စစ်ကားအတွက် အားသွင်းစက်များ ဒုတိယအကြိမ်ထပ်မံရောက်ရှိ

တရုတ်နိုင်ငံမှ တင်သွင်းလာသည့် EV Charger 60KW ငါးစုံသည် ဖေဖော်ဝါရီ ၁၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒုတိယအကြိမ်ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဒုတိယအကြိမ်အဖြစ် N.P.K Motors ကုမ္ပဏီလီမိတက်မှ ဒုတိယအကြိမ်ထပ်မံတင်သွင်းခြင်းဖြစ်သည်။

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ထားသော်လည်း ကုန်သွယ်မှုလုပ်ငန်းများ လည်ပတ်နေဆဲဟုဆို

၂၀၂၀ မတ်လမှ စတင်ကာ ကိုဗစ်ကြောင့် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ထားသော်လည်း ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်နေကြောင်း ကလေး-တမူးနယ်စပ်ကုန်သွယ်ရေးကုန်သည်များ အသင်းမှ သိရသည်။

“အိန္ဒိယဘက်ကတော့ ခုချိန်ထိ ပိတ်ထားတုန်း။ လက်ရှိကုန်သွယ်မှုကတော့ ရှိပါတယ်။ ကွမ်းသီး အစရှိတဲ့ကုန်တွေကိုတော့ ပို့နေကြတာပဲ”ဟု ကလေး-တမူးနယ်စပ်ကုန်သွယ်ရေးကုန်သည်များ အသင်းမှ ဥက္ကဋ္ဌ ဦးလှမောင်က ပြောသည်။

ညောင်လေးပင်ဘူတာရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သားသုံးဦး သေဆုံးကာ ကိုးဦးခန့်ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင် ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ်ပိုင်းက ညောင်လေးပင်ဘူတာရုံစင်္ကြန်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗုံးပေါက်ကွဲမှုကြောင့် အရပ်သားသုံးဦး သေဆုံးကာ အရပ်သား ကိုးဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ဝရိန်ကျွမ်းကျင် မြန်မာလုပ်သား ၅၀၀ ဦး ကိုရီးယားနိုင်ငံသို့ စေလွှတ်မည်ဟုဆို

မြန်မာနိုင်ငံမှဝရိန်ကျွမ်းကျင်လုပ်သား ၅၀၀ ဦးကို ကိုရီးယားနိုင်ငံသို့တရားဝင်စေလွှတ်ခွင့်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိပြည်ပအလုပ်အကိုင်ရှာဖွေရေး ပုဂ္ဂလိကအေဂျင်စီတစ်ခုထံမှသိရသည်။

အဆိုပါမြန်မာလုပ်သား ၅၀၀ ဦးကို ပြည်တွင်းရှိပုဂ္ဂလိကအေဂျင်စီလေးခုက လုပ်သားစုဆောင်း၍ ကိုရီးယားနိုင်ငံ သင်္ဘောကျင်းလုပ်ငန်းတွင်လုပ်ကိုင်ရန် တရားဝင်စေလွှတ်သွားမည်ဖြစ်ကြောင်း ယင်းပုဂ္ဂလိကအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဟုတ်ပါတယ်။ ဝရိန်ကျွမ်းကျင်နဲ့ခေါ်တာပါ။ လောလောဆယ်တော့ လုပ်သားစုဆောင်းနေတုန်းပါပဲ” ဟု အဆိုပါပုဂ္ဂလိကအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းတွင် Sky Cable Car စတင် ဖွင့်လှစ်ပြေးဆွဲ

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) တွင် Sky Cable Car စတင်ဖွင့်လှစ်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်-လားရှိုး ကားလမ်းမကြီးအနီးရှိ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) အား နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်းတစ်ခုအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းတွင် ပတ်ဝန်းကျင် ရှုခင်းများကို အမြင့်မှကြည့်ရှုနိုင်ပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် စီးနင်းနိုင်မည့် Sky cable Car ပြေးဆွဲခြင်းကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ကလေးဝမြို့အား ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု ယနေ့နံနက်ပိုင်းအစောပိုင်းကလှုပ်ခတ်ခဲ့

စစ်ကိုင်းတိုင်း၊ကလေးဝမြို့အား ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု ဖေဖော်ဝါရီ ၁၃ ရက်(ယနေ့) နံနက်အစောပိုင်းက လှုပ်ခတ်ခဲ့သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲသို့ ပြည်နယ်နှင့်တိုင်းများမှယဉ်ကျေးမှုအဖွဲ့ဝင်များ၊ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များတက်ရောက်

နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုညစာစားပွဲအား ညနေ ၆ နာရီက နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌တည်ခင်းဧည့်ခံခဲ့သည်။

နစက ဥက္ကဋ္ဌမှ ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်လာသည့် တိုင်းနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့်ကိုယ်စားလှယ်များ၊ NCA စာချုပ်လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ၊ တိုင်းနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ဒု-ဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အရာရှိကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် နစက အဖွဲ့ဝင်များအားနှုတ် ဆက်ခဲ့သည်။