နိုင်ငံကူးလက်မှတ်ပြုလုပ်သည့် ရုံးများအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ ယာယီရပ်နားထားခဲ့ရာမှ လာမည့် ဖေဖော်ဝါရီ (၂၄) ရက်တွင် ပြန်လည်၍ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက် ရှိသည်။
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနမှ ထုတ်ပြန်ဟန်တူသည့် သတင်းထုတ်ပြန်ချက်တစ်စောင် လူမှုကွန်ရက်တွင် ပြန့်နှံ့နေပြီး အဆိုပါ ထုတ်ပြန်ချက်တွင် လာမည့် (၂၄) ရက်၌ နိုင်ငံကူးလက်မှတ်များကို www.passport.gov. mm Website မှ တဆင့် Online Booking စနစ်သစ်ဖြင့် ပြန်လည် လျှောက်ထား နိုင်ပြီ ဖြစ်ကြောင်း သိရသည်။