ရှမ်းပြည်နယ်တွင် နှစ်ရက်ဆက်တိုက် ငလျင်လှုပ်ခတ် ယနေ့နံနက်ပိုင်းတွင်လည်း မိုင်းပြင်းမြို့အား ဗဟိုပြု၍ ငလျင်လှုပ်သွား

ရှမ်းပြည်နယ်တွင် နှစ်ရပ်ဆက်တိုက် မြေငလျင်များလှုပ်ခတ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက်(ယနေ့) နံနက်ပိုင်းကလည်း မိုင်းပြင်းမြို့အားဗဟိုပြု၍ အင်အား အနည်းငယ်ရှိသည့် မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ယနေ့နံနက် ၇ နာရီ ၃၀ မိနစ် ၁၆ စက္ကန့်က မိုင်းပြင်းမြို့၏ အရှေ့မြောက်ဘက်(၁၈)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၂၁ ဒသမ ၄၈)ဒီဂရီ၊အရှေ့ လောင်ဂျီတွဒ် (၉၉ ဒသမ ၂၆)ဒီဂရီ၊အနက်(၁၀) ကီလိုမီတာအားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလကထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့လည် ၃ နာရီ ၂၀ မိနစ် ၄၅ စက္ကန့်ကလည်း မိုင်းတုံမြို့အားဗဟိုပြု၍ အင် အားရစ်(ခ်)တာစကေး ၄ အဆင့်ရှိ အင်အားအ နည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။