ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၁ ခု၌ ချိန်ခါမဟုတ် မိုးရွာသွန်းနိုင်ဟု မိုးဇလခန့်မှန်း

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နိုဝင်ဘာ ၁၄ ရက် နေ့လည် ၁ နာရီခွဲအချိန်က တိုင်းထွာရရှိချက်များအား မွန်းလွဲ ၂ နာရီက အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၆ ရက်မှ ၂၀ ရက်အတွင်း ကပ္ပလီပင် လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ် ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှရွေ့လျားလာသည့် လေအေးများတွေ့ဆုံခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင် လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများဖြစ်ပေါ်နေသည်ဟု မိုးဇလကအသိ ပေးခဲ့သည်။ ထို့ကြောင့် တနင်္သာရီတိုင်း၊ကရင်ပြည်နယ်နှင့်မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မိုးသည်းထန်စွာရွာ သွန်းနိုင်ကြောင်း မိုးဇလကခန့်မှန်းထားသည်။

ထို့အတူ ရန်ကုန်တိုင်း၊ နေပြည်တော်၊မန္တလေးတိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း၊ ရှမ်း ပြည်နယ် (တောင်ပိုင်း)၊ရှမ်းပြည်နယ်(အရှေ့ပိုင်း) နှင့် ကယားပြည်နယ်တို့တွင်လည်း နေရာကွက် ကျားမ ှနေရာကျဲကျဲ မိုးသည်းထန်စွာရွာသွန်းနိုင် သည်ဟု မိုးဇလကအသိပေးထုတ်ပြန်ထားသည်။

ထိုသို့ ချိန်ခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်  မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုနိုင်ရန် မိုးဇလကအသိပေးထုတ်ပြန်ခဲ့သည်။  မိုးဇလ