ပြည်တွင်းဆန်ဈေး ဆက်တိုက်မြင့်တက်

လတ်တလော ပြည်တွင်းဆန်ဈေး ဆက်တိုက် မြင့်တက်လာနေပြီး လက်လီဈေးကွက်တွင် ဆန်တစ်အိတ်ဈေး ယခင်ထက် ကျပ် ၂၀၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်နေကြောင်း သိရသည်။

ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲအတွက် လျှောက်လွှာအစောင်ရေ ရောင်းချမှု ကန့်သတ်

ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲအတွက် ရန်ကုန်နှင့် မန္တလေးမြို့ရှိ သင်တန်းကျောင်းများအတွက် သင်တန်းကျောင်းတစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများဆုံး ၁၅၀ နှုန်းဖြင့်သာ ရောင်းချသွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်က  JLPT စာမေးပွဲ ကျင်းပရေးကော်မတီမြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်း အသင်း (MAJA) က သတင်းထုတ်ပြန်သည်။

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကျဆင်းလာသော်လည်း ပြင်ပဈေးကွက်တွင် ဆက်လက် မြင့်တက် နေဆဲဖြစ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ ထုတ်ပြန်သည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကျဆင်းလာသော်လည်း ပြင်ပ ဈေးကွက်တွင် ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၄၄၇၀ ကျပ်ဖြစ်ပြီး ယခင်တစ်ပါတ်ထက် ၂၀ ကျပ်ကျဆင်းလာဖြစ်သည်။ အဆိုပါ ရည်ညွှန်းဈေးနှုန်းသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ဖြစ်သည်။

နစက ဥက္ကဋ္ဌမှ ဂျပန်ဝန်ကြီးချုပ်ဟောင်းနှင့်ဂျပန်- မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ တို့အား ဂုဏ် ထူးဆောင်ဘွဲ့နှင့် စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်များ ဂုဏ်ပြုချီးမြှင့်

နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဂျပန်ဝန်ကြီးချုပ်ဟောင်းနှင့်ဂျပန်-မြန်မာချစ် ကြည်ရေးအသင်း ဥက္ကဋ္ဌတို့အား ဖေဖော်ဝါရီ ၂၀ ရက်က ဂုဏ်ထူးဆောင်ဘွဲ့နှင့်စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်များကို နေပြည်တော်၌ ဂုဏ်ပြုချီးမြှင့်အပ်နှင်းခဲ့သည်။

နစက ဥက္ကဋ္ဌမှ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့်ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ဂုဏ်ထူးဆောင်တံဆိပ်များကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့က ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်သည်။

၃ နှစ်ခန့်ကြာ ပိတ်ထားသည့် တာချီလိတ်-မယ်ဆိုင် အမှတ်(၁)ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်

ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ဖြတ်သန်းသွားလာခွင့်ယာယီပိတ်ထားသည်မှာ ၃ နှစ်ခန့်ကြာ မြင့်ခဲ့ပြီး ဖြစ်သည့် ရှမ်းပြည်နယ်၊တာချီလိတ်မြို့ရှိ တာချီလိတ်-မယ်ဆိုင် အမှတ်(၁)ချစ်ကြည်ရေးတံတားအား ဖေဖော်ဝါရီ ၂၀ ရက် (ယနေ့)နံနက်ပိုင်းမှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တာချီလိတ်-မယ်ဆိုင် အမှတ်(၁)ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်နိုင်ရန် မယ်ဆိုင်မြို့ တာဝန် ရှိသူများနှင့် တာချီလိတ်မြို့တာဝန်ရှိသူများ အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြပြီးနောက် ယနေ့ ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၃ သူနာပြု-သားဖွားဒီပလိုမာသင်တန်း ဧပြီတွင်ဖွင့်မည်

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အောက်ရှိ သူနာပြု/သားဖွား/နှီးနွှယ်သင်တန်း ကျောင်းတွေမှာ ၂၀၂၃ ပညာသင်နှစ်အတွက် ဖွင့်လှစ်မယ့် သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်းနဲ့ ဘက်စုံသားဖွား ဒီပလိုမာ (၂)နှစ် သင်တန်း (ဒုတိယအသုတ်)ကို လာမယ့်ဧပြီလ(၁၈ရက်နေ့မှာ  ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ကျန်းမာရေး၀န်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ကထုတ်ပြန်ပါတယ်။

အဲဒီ သူနာပြု-သားဖွားဒီပလိုမာသင်တန်း ဝင်ခွင့်အတွက်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင် ရမှတ်တွေက (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ)(၃) ဘာသာ ရမှတ်ပေါင်းပေါ် မူတည်ပြီး ရွေးချယ်မှာ ဖြစ်တယ်လို့ဆိုပါတယ်။

တာချီလိတ်တွင် မီတာခတိုးကောက်မှု စစ်ဆေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် အိမ်ခန်းပိုင်ရှင်တွေအနေနဲ့ ငှားရမ်းနေထိုင်သူတွေဆီကနေ လျှပ်စစ်ဓာတ်အားခ မူရင်းသတ်မှတ်နှုန်းထားထက် တိုးမြှင့်ကောက်ခံနေမှုတွေ ကြားသိရတဲ့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စိစစ်မှုတွေဆောင်ရွက်သွားမယ်လို့ မီးလင်းရေးကော်မတီကနေ သိရပါတယ်။

တာချီလိတ်မြို့နယ်ဟာ လျှပ်စစ်မီးကို ထိုင်းနိုင်ငံက ဝယ်ယူသုံးစွဲနေရတာြဖစ်ပြီး ဓာတ်အားခကျသင့်ငွေကို ဘတ်ငွေနဲ့ ပေးချေနေရတာဖြစ်ပါတယ်။ လက်ရှိမှာ ဓာတ်အားခတစ်ယူနစ်ကို ရိုးရိုးအိမ်သုံးမီတာအတွက် ၆ ဘတ်ခွဲ၊ လုပ်ငန်းသုံးပါဝါမီတာအတွက် ၇.၉ ဘတ် သတ်မှတ်ထားပေမယ့် တချို့အိမ်ပိုင်ရှင်၊ အခန်းပိုင်ရှင်တွေက ငှားရမ်းနေထိုင်သူတွေဆီကနေ သတ်မှတ် ဈေး ထက်ပိုကောက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်ကတ် ထုတ်ရမည့်ရက် ကြေညာ

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားတွေကို လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်က စတင်ပြီး ထုတ်ယူနိုင်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ကြေညာပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲ ကိုတော့ လာမယ့် မတ် ၈ ရက်ကနေ ၁၈ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပသွားမယ်လို့ ထုတ်ပြန် ထားပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့သည် အမြဲတမ်းမိတ် ဆွေနိုင်ငံ၊အမြဲတမ်းမဟာမိတ်နိုင်ငံများအဖြစ် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်

ပထဝီနိုင်ငံ​ရေးကြား နစက ၏ နိုင်ငံခြား​ရေးမူဝါဒများသည် ဘက်မလိုက်​နေထိုင်မူကို ပြသလျှက်ရှိ​ကြောင်း​တွေ့​နေရသည်။မြန်မာသည် တရုတ်၊ အိန္ဒိယတို့နှင့် စီးပွားကူးသန်းမှုများ ပြန်လည်မြင့်တက်လာပြီး အိန္ဒိယ ​ရေတပ် နှင့်လည်း နီးကပ်​သောဆက်ဆံ​ရေးရှိ​နေသည်။ တရုတ်နှစ်ကူး၊ ဟိန္ဒူပွဲ​တော်၊ ခရစ်ယာန်ပွဲ​တော်များကိုလည်း နစက ဥက္ကဌက လာ​ရောက်တက်​ပေးခဲ့ခြင်းများလည်းရှိ​သည်။ ထို့အတူရုရှားနှင့်လည်း ဆက်ဆံ​ရေးပြန်လည်တည်ဆောက် လာ​နေသည်ကို​တွေ့ရသည်။

ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ သံတမန်ဆက်ဆံရေးတွင် ဆဋ္ဌမမြောက်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၄၈ ခုနှစ်ကပင် သံတမန်ဆက်ဆံခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီနှစ်စဉ်တန်ချိန် တစ်သန်းကျော်ထွက်ပြီး ပြည်ပဈေးကွက်သို့ တိုးချဲ့တင်ပို့ရန်စီစဉ်

မြန်မာနိုင်ငံတွင် ကြက်သွန်နီစိုက်ဧက ၁ ဒသမ ၇ သိန်းကျော်ရှိပြီး နှစ်စဉ်တန်ချိန် တစ်သန်းကျော် ထွက်ရှိသည့် အတွက် ပြည်ပဈေးကွက်သစ်များသို့ တိုးချဲ့တင်ပို့ရန်စီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ-၁ ၌ကျင်းပသည့် ပြည်တွင်းကြက်သွန်နီ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။