နမ်းနိန်းရွာ ဖြစ်စဉ်နှင့် ပတ်သက်၍ ပအိုဝ်းဒေသခံ သောင်းနှင့်ချီကာ တောင်ကြီးတွင် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပင်လောင်းမြို့နယ် ၊ နမ်းနိန်းရွာတွင် ဖြစ်ပွားခဲ့သည့် ဒေသခံအရပ်သား (၂၀) ကျော် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ပအိုဝ်းဒေသခံများက တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး (ဒဲဥ်သီးဗွေ)ကွင်းတွင် မတ်လ (၁၅) ရက် နေ့လယ်ပိုင်းက ကန့်ကွက်ရှုတ်ချပွဲ ကျင်းပခဲ့ကြောင်း သိရသ ည်။

ဒေသတွင်း သတင်းရင်းမြစ်များထံမှ ရရှိသည့် သတင်း အချက်အလက်များအရ အဆိုပါ ကန့်ကွက်ရှုတ်ချပွဲကို ဦးအောင်ခမ်းထီး ဦးဆောင်သည့် ပအိုဝ်းပြည့်သူ့စစ်အဖွဲ့ (PNO) က ဦးဆောင် ပြုလုပ်ခြင်းဖြစ်ပြီး ပအိုဝ်းဒေသခံ သောင်းနှင့် ချီတက်ရောက်ကြောင်း သိရသည်။

အဆိုပါ ရှုတ်ချကန့်ကွက်ပွဲ အပြစ်မဲ့ ပအိုဝ်းသံဃာတော်များနှင့် ပအိုဝ်းလူမျိုးများအား သတ်ဖြတ်မှု အလိုမရှိ၊ ပအိုဝ်းဒေသအတွင်း ကျူးကျော်စစ် အတင်းဖန်တီးမှု အလိုမရှိ၊ KNDF နှင့် အကြမ်းဖက် PDF အပေါင်းအပါများ ပအိုဝ်းဒေသအတွင်းမှ အမြန်ဆုံးဆုတ်ခွာရေး ဒို့အရေး၊ ပအိုဝ်းပြည်သူလူထုပိုင် ပစ္စည်းဥစ္စာများ အတင်းအဓမ္မ ခိုးယူနေသော အကြမ်းဖက်သမားများအား အလိုမရှိ၊ သတင်းမှန် ဖုံးကွယ်ရေးသားဖော်ပြသော မီဒီယာများအလိုမရှိ စသည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၁၁) ရက် ညပိုင်းက ပင်လောင်းမြို့နယ် ၊ နမ်းနိန်းရွာတွင် တပ်မတော်နှင့် KNDF ပူးပေါင်း တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး သံဃာ (၃) ပါးအပါအဝင် အရပ်သား (၂၁) ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်ဘက်အပြန်အလှန် စွပ်စွဲပြစ်တင် နေကြခြင်းဖြစ်သည်။

အဆိုပါ နမ်းနိန်းရွာ ဖြစ်စဉ်နှင့်ပတ်သက်၍  ဦးအောင်ခမ်းထီး ဦးဆောင်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ကလည်း မတ်လ (၁၄) ရက်တွင် စာမျက်နှာ (၃) မျက်နှာပါ ထုတ်ပြန်ချက်တစ်ဆောင် ထုတ်ပြန်ခဲ့ပြီး ယင်း ထုတ်ပြန်ချက်တွင် ” KNDF နှင့် အပေါင်းအပါအဖွဲ့အစည်းများသည် တောင်မဲသင်းရွာနှင့် နမ်းနိန်းရွာ ဒေသခံများကို သတ်ဖြတ်ခြင်း ၊ လူနေအိမ်နှင့် ဘာသာရေးအဆောက်အ ဦးများကို မီးရှို့ဖျက်ဆီးခြင်း ၊ နမ်းနိန်းရွာ ဘုန်ကြီးကျော င်း ကျောင်းထိုင် ဆရာတော် အပါအဝင် သံဃာတော်များအား သတ်ဖြတ်ခြင်း စသည့် လူမျိုးရေးနှင့် ဘာသာရေး ပြဿနာများ ဖြစ်ပွားအောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့ကြောင်း ထည့်သွင်းရေးသားထားသည်။

လက်ရှိတွင် ပင်လောင်းဒေသအတွင် တပ်မတော်နှင့် KNDF , PDF ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေပြီး ဒေသခံပအိုဝ်းပြည်သူထောင်နှင့်ချီကာ ဘေးလွတ် ရာသို့ တိမ်းရှောင်နေရခြင်းဖြစ်သည်။

ယမန်‌နေ့က ပြုလုပ်သည့် ကန့်ကွက်ရှုတ်ချ ဆန္ဒပြပွဲတွင် အေးစေတီ ဆရာတော် ဥူးသုဇန၊ ပေါမူကျောင်းဆရာတော် ဥူးအာနန္ဒာဝံသ၊ လွယ်အိုင်းကျောင်းဆရာတော် ဥူးရာဇဂုရု(ပင်လောင်း)နှင့် ဖြားခွန်ဝင်းကိုတို့မှ အမှာစကား ပြောကြားခဲ့ပြီး နိုင်ငံတော်အလံ၊ ပအိုဝ်းအမျိုးသားအလံနှင့် ကျဆုံးသွားသည့် အာဇာနည်များကို အလေးပြုခြင်း၊ နမ်းနိန်းရွာတွင် သတ်ဖြတ်ခြင်းခံရသည့် သံဃာတော်များနှင့် ဒေသခံပြည်များအတွက် ဝမ်းနည်းကြောင်း (၂)မိနစ်ခန့် ငြိမ်သက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။  popularnews