ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်နေသည့် ကလေးငယ်များအတွက် အဟာရလှူဒါန်း

ပြင်ဦးလွင် မတ် ၁၅

၁၅-၃-၂၀၂၃ ရက်နေ့ ၁၅:၀၀ အချိန်တွင် ပြင်ဦးလွင်မြို၊ ရပ်ကွက်ကြီး(၁)၊ထုံးဘိုရပ်၊ ပန်းတိုင်ဓမ္မာရုံ၌ ဖွင့်လှစ်သင်ကြားလျက်ရှိသော နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းသား/ သူများအား ပြင်ဦးလွင်ခရိုင်/ မြိုနယ်ပြည်ခိုင်ဖြိုးပါတီမှ အာဟာရကျွေးမွေးလှူဒါန်းခဲ့ရာ ပြင်ဦးလွင်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဟိန်းမင်းဦးနှင့် ခရိုင်/မြိုနယ်ကော်မတီဝင်များ တက်ရောက်လှူဒါန်းခဲ့ကြပါသည်။ အဆိုပါ ဗုဒ္ဓဘာသာ ယဥ်ကျေးလိမ္မာသင်တန်းမှာ ၃-၃-၂၀၂၃ ရက်နေ့မှ ၁၈-၃-၂၀၂၃ ရက်နေ့ထိ နေ့စဉ် ၀၉:၀၀မှ၁၅:၀၀ အချိန်ထိဖွင့်လှစ်သင်ကြားလျက်ရှိပြီး သင်တန်းသား/ သူ ၁၂၀ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။