လျှပ်စစ်မီးကြိုးများ ပေးအပ်လှူဒါန်း

တာချီလိတ် မတ် ၁၅

တာချီလိတ်မြို၊ မိုင်းကိုးအုပ်စု၊ ရန်ရှင်း(၄) ရွာနေ ပါတီဝင်များ၏ နေအိမ်မျာသည် လွန်ခဲ့သော နှစ်(၂၀)မှ သွယ်တန်းခဲ့သည့် လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်း၍ ပေါက်ပြဲနေပြီး ဝါယာရှော့မကြာခဏဖြစ်နေ၍ အိမ်တိုင်စေ့ မီးကြိုးအသစ်လဲလှယ်ရန် လိုအပ်နေသည့်အတွက် ပြည်ခိုင်ဖြိုးပါတီသို (၉.၃.၂၀၂၃)ရက်နေ့တွင် လာရောက် အကူအညီ တောင်းခံမှုအပေါ် ယနေ့တွင် ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ မြိုနယ်ဥက္ကဌ(ယာယီ) ဦးကျော်ငြိမ်းအောင်၊ ဒေါ်မူအန်တူငဲတ(အမျိုးသမီးရေးရာတာဝန်ခံ)နှင့်ပါတီရုံးဝန်ထမ်း များမှ ပါတီရုံးတွင် (၂×၂.၅) မီးကြိုး ခွေကြီး(၃)ခွေ၊ (၂×၁)မီးကြိုးခွေသေး(၅)ခွေ၊ တန်ဖိုးငွကျပ်(၅)သိန်း (၅)သောင်းရှိ လျှပ်စစ်မီကြိုးခွေများကို ခရိုင်/မြိုနယ်ပါတီမှ လှူဒါန်းပေးရာ ရန်ရှင်း(၄)ရွာ သူကြီး ဦးကျချီ နှင့် ပါတီဝင် ဦးမာလခီ၊ ဦးယောလှတိုမှ လက်ခံရယူခဲ့ပါသည်။

ထိုနောက် ရွာသူကြီးနှင့်ပါတီဝင်များဖြင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်ညှိနှိင်းခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးတိုင်ပင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။